ဂျာမနီနိုင်ငံသား အဆိုတော်တစ်ဦးဖြစ်တဲ့ Mikis ကတော့ မြန်မာနိုင်ငံက ပရိသတ်တွေကြားမှာ နာမည်ရအောင်မြင်နေသူ ဖြစ်ပါတယ်။ အထူးသဖြင့် ရုပ်ရည်ချောမောပြီး အသံကောင်းတဲ့ Mikis က မိန်းကလေးပရိသတ်တွေရဲ့ အပြတ်အသတ် ဝန်းရံအားပေးမှုကို ရရှိထားတာပဲ ဖြစ်ပါတယ်။ အခုဆိုရင် Mikis က မြန်မာနိုင်ငံမှာ အခြေချနေထိုင်နေပြီး မြန်မာမလေးကို ချစ်သူတော်ထားရပြီ ဖြစ်ပါတယ်။

Mikis နဲ့ မြန်မာမလေး စုစုဝေတို့စုံတွဲလေးကတော့ နားလည်မှုအပြည့်နဲ့ ရှေ့ဆက်နေတာကြောင့် ပရိသတ်တွေကတောင် အားကျနေရတာ ဖြစ်ပါတယ်။ တစ်ယောက်ကိုတစ်ယောက် အရမ်းချစ်ကြတဲ့ သူတို့စုံတွဲလေးက ချစ်သူသက်တမ်း တစ်နှစ်ကျော်ရှိနေပြီလည်း ဖြစ်ပါတယ်။ ဒီနေ့မှာတော့ Mikis က ချစ်သူလေး စုစုဝေအတွက် မွေးနေ့ဆုမွန်ကောင်းလေး တောင်းပေးထားပါတယ်။

Mikis က ဒီနေ့မှာကျရောက်တဲ့ ချစ်သူရဲ့မွေးနေ့လေးအတွက် '' HAPPY BIRTHDAY CHEE TOTE .Now finally you are old '' ဆိုပြီး အမှတ်တရပုံလေးတွေနဲ့အတူ တင်ထားတာ ဖြစ်ပါတယ်။ Mikis ကတော့ ချစ်သူလေးကို စနောက်ထားတာလည်း တွေ့ရပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် Mikis တို့စုံတွဲရဲ့ ကြည်နူးစရာ အမှတ်တရပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source: Mikis Weber;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။