ပရိသတ်ကြီးရေ အကယ်ဒမီမင်းသမီးချောလေး ဖွေးဖွေးကတော့ အနုပညာသက်တမ်းတစ်လျှောက်လုံးမှာ ကြိုးစားတဲ့သူတစ်ယောက်ဖြစ်လို့ ယခုချိန်မှာဆိုရင် အောင်မြင်မှုတွေရရှိနေပြီး ပရိသတ်တွေရဲ့ ချစ်ခြင်းမေတ္တာတွေကိုလည်း ပိုင်ဆိုင်ထားတာပါနော်။ဖွေးဖွေးပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေဟာဆိုရင် ပရိသတ်တွေရဲ့ ရုံပြည့်ရုံလျှံအားပေးမှုကြီးကို တွေ့ရပါတယ်နော်။

ဖွေးဖွေးကတော့သဘောကောင်းမနောကောင်းပြီး ကိုယ့်ထက်နိမ့်ပါးတဲ့သူတွေအပေါ်မှာလည်း ကူညီဖေးမပြီးစာနာနားလည်ပေးတတ်တဲ့သူတသစ်ယောက်ဖြစ်ပါတယ်။စိတ်ထားလေးကနူးညံ့သိမ်မွေ့ပြီး ဖော်ရွေတတ်သူတစ်ယောက်ဖြစ်လို့လည်း လူချစ်လူခင်ပေါများနေတာပါနော်။ရွှေမင်းသမီးလေးဖွေးဖွေးကတော့ အသက်၃၀ကျော် လူလတ်ပိုင်းအရွယ်ရောက်ရှိနေတဲ့ မိန်းကလေးတစ်ယောက်ဖြစ်ပေမယ့် သူမရဲ့နုပျိုသွက်လက်မှုတွေကတော့ အရမ်းချစ်စရာကောက်းပါတယ်နော်။

ဖွေးစိန်လေးက လူငယ်ပီပီ ပွင့်လင်းရိုးသားစွာနဲ့ လွတ်လပ်ပေါ့ပါးစွာနေထိုက်တတ်သူဖြစ်ပါတယ်။ဖွေးဖွေးရဲ့အလှအပတွေကလည်း ခေါင်းအစခြေအဆုံး အပြစ်ပြောစရာတစ်ကွက်မှမရှိပါဘူးနော်။ကိုးရီးယားမလေးလို နုပျိုလှပလွန်းတဲ့ဖွေးစိန်လေးကတော့ အခုဆိုရင် ကြက်တူရွေးငှက်အဖြူလေးနဲ့အတူ ပိုစ့်ပေးကြမ်းနေပြီး ဆံပင်ကောက်ကောက်လေးနဲ့ အရမ်းချစ်ရာကောင်းနေတဲ့ပုံရိပ်လေးကို ပရိသတ်ကြီးအတွက်မျှဝေပေးပါတယ်နော်။

Source:Phway Phway/Photo:Jason Ya(Sense)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။