ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်ပြီး မအေးသောင်းလို့ အများကချစ်စနိုးခေါ်ဝေါ်ကြတဲ့ အေးဝတ်ရည်သောင်းကတော့ အနုပညာနယ်ပယ်ထဲကို ဟိုးအရင်တစ်ခေတ်ကတည်းက အလှမယ်သရဖူကိုဆောင်းပြီး ဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။တစ်ခေတ်တစ်ခါတည်းက ဆံပင်အရှည် ကိုယ်လုံးကိုယ်ပေါက်လှလှနဲ့ အမကြီး နှင်းဝတ်ရည်သောင်းနဲ့အတူ အနုပညာအလုပ်တွေလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်နော်။

အေးသောင်းကတော့ အနုပညာလောကကနေ ခေတ္တကွယ်ပျောက်သွားပြီး အခုချိန်မှာတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေကိုလည်းရိုက်ကူးနေကာ ပရိသတ်ရဲ့အားပေးချစ်ခင်မှုတွေကလည်း ပိုမိုများပြားလာခဲ့ပါတယ်။အေးသောင်းဆိုတဲ့နာမည်လေးကတော့ ပရိသတ်တွေက ချစ်စနိုးလေးနဲ့နာမည်ပေးထားကြပြီး မအေးသောင်းရဲ့မြန်မာဆန်ဆန်အလှကိုလည်း နှစ်သက်ကြပါတယ်။

အခုလက်တလောမှာတော့ မအေးသောင်းက နှလုံးသားထဲကပုဂံဆိုတဲ့အဖွဲ့သားတွေနဲ့အတူ ယူနက်စကိုအစည်းအဝေးကိုတက်ရောက်ခဲ့ပြီး မြန်မာ့အမွေအနှစ်ဖြစ်တဲ့ပုဂံကတော့ ကမ္ဘာ့အမွေအနှစ်စာရင်းထဲဝင်သွားခဲ့ပါပြီနော်။အခုဆိုရင်တော့ အေးသောင်းက ဘာကုမြို့မှာစိတ်ကြိုက်လည်ပတ်နေပြီး စိတ်ဝင်စားစရာပစ္စည်းလေးတွေကို သေချာကြည့်ရှု့ကာ ဗဟုသုတယူနေတဲ့ပုံရိပ်လေးတွေကိုမျှဝေပေးလိုက်ပါတယ်နော်။

Source:Aye Thaung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။