ပရိသတ်ကြီးရေ အမြဲတမ်းဖက်ရှင်ကျလှပနေတဲ့ မင်းသမီးချောမိုးဟေကိုကတော့ အနုပညာနယ်ပယ်မှာ အောင်မြင်မှုတွေနဲ့ရပ်တည်နေတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။အခုနောက်ပိုင်းမှာတော့ မိခင်ကိုအနီးကပ်စောင့်ရှောက်နေတာကြောင့် အနုပညာအလုပ်တွေကိုတော့ ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေပြီး ဖိတ်ကြားတဲ့ပွဲအခမ်းအနားတွေကိုတော့ ဖက်ရှင်ကျကျဝတ်ဆင်ပြီး တက်ရောက်နေတာကို ပရိသတ်ကြီးလည်း တွေ့မြင်နေရမှာပါနော်။

မိုးဟေကိုကတော့ အနုပညာနယ်ပယ်ထဲကို ဟိုးအရင်ကတည်းကရောက်ရှိလာခဲ့ပြီး အရပ်ရှည်ရှည်၊ကိုယ်လုံးကိုယ်ပေါက်လှလှနဲ့မို့ ပရိသတ်တွေက သတိထားမိလာပြီး သူမရဲ့သရုပ်ဆောင်ချက်အိုင်တင်တွေကိုလည်း ကြိုက်နှစ်သက်ကြလို့ လက်ခံအားပေးလာကြတာဖြစ်ပါတယ်။မိုးဟေကိုကတော့ အေးအေးဆေးဆေးနေတတ်ပြီး ရိုးသားဖြောင့်မတ်ကာ စိတ်သဘောထားလည်းဖြူစင်တဲ့သူတစ်ယောက်ဖြစ်ပါတယ်။

ပရိသတ်တွေရဲ့အချစ်တော်မိုးဟေကိုကတော့ သူမတူတဲ့ဒီဇိုင်းဖက်ရှင်လေးနဲ့ အမြဲတမ်းလုံလုံခြုံခြုံလေးလှပနေတာကို ပရိသတ်ကြီးလည်း မျက်မြင်ပါပဲနော်။အခုဆိုရင်လည်း မိုးဟေကိုက သူမရဲ့ပြီးပြည့်စုံတဲ့အလှတရားတွေကို ပိုမိုထင်ပေါ်သွားအောင်လို့ တစ်ကိုယ်လုံးကိုအနက်ရောက်ဖက်ရှင်ဝတ်ဆင်ထားပြီး ဆွဲဆောင်မှုရှိရှိလှပနေတဲ့ ပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ပါတယ်နော်။

Source:Moe Hay Ko/Photo - Htet Aung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။