ရာသီသစ်အတွက် ပြင်ဆင်မှုတွေလုပ်နေတဲ့ချယ်လ်ဆီးအသင်းကတော့ ခြေစွမ်းပွဲတွေကစားပြီးအသင်းကိုပြင်ဆင်မှုတွေလုပ်နေတာဖြစ်ပါတယ်။ချယ်လ်ဆီးအသင်းဟာ မနေ့ကနည်းပြသစ်လက်ထက်ကစားတဲ့ခြေစမ်းပွဲမှာတော့ တစ်ဖက်အသင်းရဲ့နောက်ကျဂိုးနဲ့ သရေသာရရှိခဲ့တာဖြစ်ပါတယ်။လမ်းပတ်ရဲ့ပထမဆုံးပွဲစဉ်ဖြစ်ပေမယ့် အရန်ကစားသမားတွေကိုသာအများဆုံးထည့်သွင်းကစားခဲ့တာဖြစ်ပါတယ်။ 

ချယ်လ်ဆီးအသင်းဟာပွဲကစားချိန် ၈မိနစ်ကတည်းက ဘက်ရှူဝါရီ ရဲ့သွင်းဂိုးနဲ့ဦးဆောင်နိုင်ခဲ့ပေမယ့်၈၉မိနစ်မှာခြေပဂိုးပြန်ပေးရပြီးတစ်ဖက်သရေနဲ့သာပွဲပြီးဆုံးခဲ့ပါတယ်။ဒီနှစ်ရာသီမှာ လူဝယ်ခွင့်ပိတ်ပင်ခံထားရတဲ့ချယ်လ်ဆီးအသင်းဟာ လူတို့ရဲ့အကောင်းဆုံးလူငယ်ကစားသမားတွေနဲ့ဒီရာသီကိုအကောင်းဆုံးယှဉ်ပြိုင်ရမှာကြောင့် ခြေစမ်းပွဲတွေမှာလူငယ်တွေကို ပိုနေရာပေးပြီး ခြေစွမ်းတွေစမ်းသပ်နေတာဖြစ်ပါတယ်။ 

ချယ်လ်ဆီးအသင်းကိုတစ်ကျော့ပြန်နည်းပြအဖြစ်ပြန်ရောက်လာတဲ့ လမ်းပတ်အတွက်တော့ဒီနှစ်ရာသီဟာအခက်အခဲတွေကိုကျော်ဖြတ်ရတော့မှာဖြစ်ပါတယ်။ဒီခြေစမ်းပွဲတွေမှာအသင်းရဲ့ကစားသမားတွေကိုသေချာအကဲခတ်ပြီးရာသီသစ်မှာအသင်းကိုအကောင်းဆုံးရလဒ်တွေရရှိအောင်စွမ်းဆောင်နိုင်ပေးလိမ့်မယ်လို့လည်း ပရိသတ်တွေကယုံကြည်မှုအပြည့်ပေးထားတာဖြစ်ပါတယ်။

SOURCE:Daily Mail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။