ပရိသတ်ကြီးရဲ့အချစ်တော်ချစ်သက်လေးကတော့ အနုပညာအလုပ်တွေကို ဆယ်စုနှစ်ကျော်တိုင်အောင်လုပ်ကိုင်နေတဲ့ မင်းသမီးချောလေးတစ်ယောက်ပါ။ ဇာတ်ကားတိုင်းကိုလည်း အကောင်းဆုံးသရုပ်ဆောင်တာကြောင့်လည်း အကယ်ဒမီထူးချွန်ဆုတွေကို ရရှိထားသူပါ။ ဒါ့အပြင်သူမရဲ့ ပျော်ရွှင်စရာကောင်းတဲ့မိသားစုလေးကို ပရိသတ်တွေကအားကျနေရတာပါ။  

ခင်ပွန်းဖြစ်သူ ကိုစစ်နိုင်ကလည်း ချစ်သက်လေးကို အရိပ်တကြည့်ကြည့်နဲ့ချစ်ခင်စောင့်ရှောက်မှုတွေကြောင့်လည်း ချစ်သက်လေးက ကြည်နူးပျော်ရွှင်နေရတာပါ။ သိတတ်လိမ္မာလန်းတဲ့ သားသမီးတွေကို ရရှိထားတာကြောင့်လည်း ဇနီးမောင်နှံနှစ်ယောက်လုံးကြည်နူးနေရတာပါ။ ကလေးတွေဟာလည်း အရွယ်နဲ့မလိုက်အောင် သိတတ်လိမ္မာလွန်းကြတာပါ။  

သူငယ်ချင်းတွေကိုလည်း အချိန်ပေးတတ်တဲ့ ချစ်သက်လေးဟာတော့ အခုတစ်ခေါက်မှာလည်း သူမရဲ့အချစ်ရဆုံးသူငယ်ချင်းတွေနဲ့ စားသောက်ဆိုင်မှာ ပျော်ရွှင်စွာစားသောက်ကြနေတာလေးကို Live လွှင့်ကာ ပရိသတ်တွေကို ဝေမျှခဲ့တာပါ။ သူတို့သူငယ်ချင်းတွေဟာ တစ်ယောက်နဲ့တစ်ယောက်စိတ်ဆိုးစိတ်ကောက်ခြင်းမရှိဘဲ ပျော်ပျော်ရွှင်ရွှင်ရှိနေကြတာလေးကိုက ကြည်နူးစရာကောင်းလွန်းနေတာပါ။ ပရိသတ်ကြီးလည်း ကြည့်ရှုနိုင်အောင် ချစ်သက်လေးရဲ့ဗီဒီယိုလေးကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source - BFF  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။