မကြာခဏဖြစ်ပေါ်နေတဲ့ ယာဉ်တိုက်မှုတွေထဲမှာ နေပြည်တော် - ရန်ကုန် အမြန်လမ်းမကြီးပေါ်က သတင်းတွေကတော့ အများဆုံးဖြစ်တယ်ဆိုတာအားလုံးလည်း သိပြီးဖြစ်မယ်ထင်ပါတယ်။ ယာဉ်တိုက်မှုတွေထဲမှာ ဆိုးရွားတဲ့ယာဉ်တိုက်မှုများစွာရဲ့ အဓိကဖြစ်စဉ်တွေကတော့ စည်းကမ်းမဲ့မောင်းနှင်မှုတွေနဲ့ သဘာဝဘေးဒုက္ခတွေကြောင့် အဖြစ်များလေ့ရှိတာတွေ့ရပါတယ်။ အဆိုပါ ယာဉ်တိုက်မှုတွေကြောင့် သေကြေမှုတွေနဲ့အတူ ဆုံးရှုံးမှုများစွာကတော့ မကြာခဏဆိုသလိုဖြစ်ပေါ်လျှက်ရှိတာတွေ့ရပါတယ်။   

ဇူလိုင်လ ၁၀ရက်နေ့ မနေ့က ညနေပိုင်းမှာလည်း နေပြည်တော်-ရန်ကုန်အမြန်လမ်းမကြီးပေါ်တွင် ယာဉ်တိုက်မှုတစ်ခုထပ်မံဖြစ်ပွားခဲ့ကြောင်းသိရပါတယ်။ အဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီး "ဇူလိုင်လ(၁၀)ရက်နေ့ ညနေ(၀၅၃၀)နာရီအချိန်. နေပြည်တော်- ရန်ကုန်လမ်း မိုင်တိုင်. ၃၂/၅ နှင့် ၃၂/၆ အကြား၌ ယာဉ်မောင်း. ကိုမျိုးမင်းကို ၃၄-နှစ်(ဈ) ရပ်ကွက် မြောက်ဥက္ကလာပ မြို့နယ်နေသူမောင်းနှင် လာသည့်. ယာဉ်အမှတ် YGN- 9H/----. probox အမျိုးအစား အဖြူရောင်ယာဉ်သည်လမ်းအကွေ့တွင်အရှိန်လွန်ကာ လမးလယ်ကျွန်းပေါ်သို့ တက်ရောက်ရပ်တန့် သွားသဖြင့်ယာဉ်အား လမ်းလယ်ကျွန်းပေါ်မှ လမ်းဘေး မြေသားလမ်းဘက်သို့ တွန်းရွေ့နေစဉ် လားရာတူနေပြည်တော် ဘက်မှရန်ကုန်ဘက်သို့ယာဉ် မောင်းကိုခင်မောင်လင်း (၄၂) နှစ် ပြည်တော်သာ(၁) လမ်း ရုံးကြီ:ရပ်ကွက် ပဲခူးမြို့နေသူမောင်းနှင်လာသည့်. YGN-9M/---- ရွှေစင်စြင်္ကာခရီးသည်တင် Express ယာဉ်မှ အရှိန်လွန် ဝင်ရောက်တိုက်မိခဲ့တာ" ဖြစ်တယ်လို အမြန်လမ်းမကြီးရဲတပ်ဖွဲ့က ပြောပြထားပါတယ်။  

အဆိုပါ ဖြစ်စဉ်ကြောင့် Probox ယာဉ်ပေါ်ပါ ကျား(၂) ဦး မ(၂)ဦး ပေါင်း(၄) ဦးအနက် probox ယာဉ်အားတွန်းရွေ့နေသောယာဉ်မောင်းကိုမျိုးမင်းကို နှင့် လမ်းဘေးမြေသားလမ်း တွင်ရပ်စောင့်နေသော မ(၂) ဦး. ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့ကြောင်း သိရပါတယ်။ အဆိုပါ ထိခိုက်ဒဏ်ရာရရှိသူတွေကို အမြန်လမ်းမကြီးရဲတပ်ဖွဲ့ ဘောနတ်ကြီးစခန်းမှတပ်ဖွဲ့ဝင်များနှင့်အထောက်အကူပြု အဖွဲ့များကကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရပါတယ်။ ဆိုးရွားနေတဲ့ ရာသီဥတုအခြေအနေတွေကြောင့် ဖြစ်ပေါ်လာတက်တဲ့ ယာဉ်အန္တရယ်တွေကို ချစ်ပရိသတ်တွေ သတိပြုနိုင်ဖို့ မျှဝေပေးလိုက်ပါတယ်။

Phot0s - အမြန်လမ်းမကြီးရဲတပ်ဖွဲ့

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။