ပရိသတ်တွေရဲ့ အားပေးဝန်းရံမှုတွေကို အခိုင်အမာရရှိထားတဲ့ ပြည်သူ့အချစ်တော် သရုပ်ဆောင်မင်းသမီးချော မိုးယုစံကတော့ အောင်မြင်ကျော်ကြားတဲ့ အနုပညာရှင်တစ်ဦးဖြစ်သလို သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကိုလည်း ပိုင်ဆိုင်ထားသူလေးပါ..။

ပရိသတ်ကြီးရေ.. ဒီကနေ့ ဇူလိုင်လ(၁၁)ရက်နေ့လေးကတော့ မင်းသမီးချောလေး မိုးယုစံရဲ့ မွေးနေ့ရက်မြတ်လေးဖြစ်ပြီး ချစ်ရတဲ့ မိသားစုတွေနဲ့ မောင်လေးဖြစ်သူ ဆန်းလင်းထွန်းကလည်း ချစ်စဖွယ်လေး မွေးနေ့ဆုတောင်းပေးထားတာ တွေ့ရပါတယ်နော်..။


ဒီကနေ့မှာ ကျရောက်လာခဲ့တဲ့ အစ်မဖြစ်သူမိုးယုရဲ့ မွေးနေ့လေးမှာ အမှတ်တရပုံရိပ်လေးတွေနဲ့အတူ အစ်မကို ကျီစယ်စနောက်ကာ မောင်နှမအချစ်တွေကို အထင်းသားပေါ်လွင်စေတဲ့ မွေးနေ့ဆုတောင်းစကားလေးတွေကလည်း သဘောကျစရာလေးပါပဲနော်..။

အမြဲမတည့်ကြပေမယ့် အရမ်းချစ်ကြတဲ့ မိုးယုနဲ့ ချစ်မောင်လေးဆန်းလင်းထွန်း တို့ မောင်နှမနှစ်ယောက်ရဲ့ ကြည်နူးပျော်ရွှင်စရာ အမှတ်တရပုံရိပ်လေးတွေကလည်း ပရိသတ်တွေအတွက်လည်း အမှတ်တရလေး ဖြစ်စေမှာပါနော်..။


“Happy birthday ပါ မမရေ မတည့်အတူနေ ဆိုသလိုပဲ အတူရှိနေတဲ့ချိန်တွေကလဲ မတည့်သလို ခွဲကြပြန်တော့လဲ တည့်သလားမေးရင် မတည့်ပါဘူး အကြီးဆိုပြီး အလျော့မပေးဘူး အစစအရာရာ အားလုံးအပေါ်ကို ကူညီပေးလို့လဲ ကျေးဇူးပါမမရေ ဒီထပ်မက မွေးနေ့ပေါင်းများစွာမှာ ချစ်ရသောမိသားစုနဲ့ တူတူထာဝရပျော်ရွှင်ပါစေ... မုန့်မကျွေးနဲ့ရတယ် မုန့်ဖိုးပေးပါလို့” ဆိုပြီး မမမိုးယုကို ကျီစယ်စနောက်ကာ ချစ်စနိုးလေး မွေးနေ့ဆုတောင်းပေးလိုက်တာပဲ ဖြစ်ပါတယ်နော်..။

ကြည်နူးပျော်ရွှင်စရာ မွေးနေ့ဆုတောင်းလေးနဲ့အတူ ချစ်စဖွယ်လေး ကျီစယ်ရင်း မုန့်ဖိုးတောင်းလိုက်တဲ့ ဆန်လင်းထွန်းရဲ့ အဲ့ဒီပို့စ်အောက်မှာလည်း “အစ်မစကားကို နားထောင်” ဆိုပြီးတော့လည်း မိုးယုက Comment မှာ ပြန်လည်ရေးသားကာ အသည်းလေးတွေပေးထားတာကိုလည်း ကြည်နူးပျော်ရွှင်စွာ မြင်တွေ့ရပါတယ်နော်..။

Photo - ဆန်းလင်းထွန်း၊ မိုးယုစံ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။