အာဆင်နယ်တိုက်စစ်မှူး အူဘာမီယန်းဟာ သူပိုင်ဆိုင်တဲ့ ဇိမ်ခံကား တွေထဲက2.1 million တန်ဖိုးရှိ လန်ဘော်ဂီနီကားသစ်ကြီးကို ထုတ်ဖော်ပြသလိုက်ပါတယ်။ပေါင်240,000တန်ကြေးရှိတဲ့ လန်ဘော်ဂီနီကားဟာ အူဘာမီယန်းပိုင်ဆိုင်တဲ့ ကားတွေထဲမှာ ဈေးအကြီးဆုံးကားဖြစ်ပြီး အကြိုက်ဆုံးကားတစီးလည်း ဖြစ်ပါတယ်။ 

အူဘာမီယန်းဟာ အခုနှစ် ပရီးမီးယားလိဂ်မှာ ဒဏ်ရာပြဿနာတွေအများစုနဲ့ရုန်းကန်နေရတာဖြစ်ပါတယ်။သူကတော့အာဆင်နယ်အသင်းမှာအဓိကတိုက်စစ်ကစားသမားတစ်ဦးဖြစ်ပြီးခြေစွမ်းပြဂိုးတွေသွင်းပေးပြီးနိုင်ပွဲတွေယူပေးနေတာဖြစ်ပါတယ်။သူကတော့ကမ္ဘာကျော်ကစားသမားတစ်ယောက်ဖြစ်တာကြောင့် သူ့ရဲ့လစာတွေကိုသူမြတ်နိုးတဲ့ကားတွေဝယ်ပြီးစုတာဖြစ်ပါတယ်။ 

သူမှာတစ်ခြားနာမည်ကျော်တန်ဖိုးကြီးကားတွေလည်းအများအပြားရှိတာပါ။ခုလန်ဘော်ဂီနီကားသစ်ကြီးကတော့ တစ်ခြားကားတွေနဲ့မတူပဲအရောင်တွေကထူးခြားနေတာဖြစ်ပါတယ်။တစ်ခြားနာမည်ကျော်ရော်နယ်ဒိုလို့လိုအမိုက်စားပြိုင်ကားတွေပိုင်ဆိုင်ထားတဲ့ အူဘာမီယန်းရဲ့ကားပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေသိရှိဖို့တင်ဆက်ပေးလိုက်ကပါတယ်။ 

SOURCE:Daily Mail

Video:Oh My Goal

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။