မြန်မာဗီဒီယိုရုပ်ရှင်တွေကို အများအပြားရိုက်ကူးခဲ့ပြီး အခုအချိန်ထိ အောင်မြင်မှုတွေ၊ ပရိသတ်တွေရဲ့ ချစ်ခင်မှုတွေကို ပိုင်ဆိုင်ထားဆဲဖြစ်တဲ့ မင်းသမီး စမိုင်းလ်ကိုသိကြမယ်ထင်ပါတယ်...။ သူမဟာဆိုရင် ချစ်ခင်ပွန်းနဲ့အတူ ချစ်စရာ သမီးလေးနှစ်ယောက်ကို ပြုစုပျိုးထောင်ပေးနေတာလည်းဖြစ်ပါတယ်...။ စမိုင်းလ်တို့မိသားစုဟာဆိုရင် စည်းလုံးကြပြီး လူတိုင်းက အားကြရလောက်အောင် သာယာအေးချမ်းတဲ့ ဘဝလေးကိုပိုင်ဆိုင်ထားတာပါနော်...။ စမိုင်းလ်တို့မိသားစုရဲ့ လတ်တလော ခရီးသွား မှတ်တမ်းတွေကို တင်ဆက်ပေးမှာဖြစ်ပါတယ်..။

ပြည်တွင်းပြည်ပ နေရာစုံလင်အောင် အပန်းဖြေခရီးတွေ ထွက်လေ့ရှိတဲ့ စမိုင်းလ်တို့မိသားစုဟာ အခုတစ်ခါမှာဆိုရင်လည်း အမေရိကန် နယူးယောခ့်မြို့မှ၊ နာမည်ကြီးနေရာတော်တော်များများကို လည်ပတ်ပြီးပြီဖြစ်ပါတယ်...။ ဟယ်ရီကော်ပတာ စီးပြီး စိတ်လှုပ်ရှားပျော်ရွှင်နေတဲ့ စမိုင်းလ်တို့မိသားစုရဲ့ ပုံရိပ်အချို့ကို ကြည့်ရှုခဲ့ကြပြီးပြီဖြစ်မှာပါ...။ ကမ်းခြေတွေ၊ တောင်တွေသို့လည်း သွားရောက်ခဲ့ပြီး အမှတ်တရ ပုံရိပ်တွေ ရိုက်ကူးခဲ့တာပါနော်..။ စမိုင်းလ်ဟာဆိုရင် မြန်မာမှုကို ချစ်မြတ်နိုးသူဖြစ်ပြီး မြန်မာအကကိုလည်း စနစ်တကျနဲ့ သင်ယူခဲ့တာဖြစ်ပါတယ်...။

စမိုင်းလ်ရဲ့ တစ်ကိုယ်တော်အလှပုံရိပ်လေးတွေဟာဆိုရင် ကလေးနှစ်ယောက် အမေလို့မထင်ရလောက်အောင် နုပျိုသွယ်လျ နေတာဖြစ်ပါတယ်...။ ချစ်ခင်ပွန်းရဲ့ အလိုလိုက်၊ ဂရုစိုက်မှုရရှိတာဖြစ်ပြီး သာယာအေးချမ်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတာမလို့ ပြောရမှာဖြစ်ပါတယ်...။ စမိုင်းလ်က သူမရဲ့ official page တွင် လတ်တလောအနုပညာလှုပ်ရှားမှု၊ နေ့စဉ်လှုပ်ရှားမှု အမျိုးမျိုးကို အစဉ်အမြဲဖော်ပြပေးလေ့ရှိတာဖြစ်ပါတယ်...။ အခုတစ်ခါမှာဆိုရင်လည်း Niagara fall ရေတံခွန်ကြီး သို့ သွားရောက်လည်ပတ်တုန်းက ရိုက်ကူးခဲ့တဲ့ တစ်ကိုယ်တော် ပုံရိပ်လေးတွေကို ထုတ်ဖော်ပြသထားတာဖြစ်ပြီး Myanmarload ပရိသတ်ကြီးအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်...။

Source စမိုင်းလ် Smile

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။