ပရိသတ်ကြီးရေ အကယ်ဒမီနန္ဒာလှိုင်တို့ ဇနီးမောင်နှံကတော့ စိတ်ကောင်းစေတနာရှိကြပြီး အလှူအတန်းဆိုရင် သဒ္ဒါတရားထက်သန်စွာနဲ့ မကြာခဏလှူဒါန်းနေကြတာကို ပရိသတ်ကြီးလည်းတွေ့မြင်ရမှာပါနော်။သိန်းပေါင်းများစွာကိုလိုအပ်နေတဲ့နေရာတွေမှာလှူဒါန်းသွားပြီး ကုသိုလ်ယူနေကြတာဖြစ်လို့ ပရိသတ်ကြီးက နန္ဒာလှိုင်တို့မိသားစုကို လေးစားအားကျနေရတာဖြစ်ပါတယ်။အခုဆိုရင်လည်း နန္ဒာလှိုင်ရဲ့ချစ်ခင်ပွန်း ဦးဇေသီဟက အလှူလှူဒါန်းဖို့အတွက် နည်းလမ်းလေးကိုအောက်ပါအတိုင်းပြောပြခဲ့ပါတယ်နော်။

နေ့စဉ်ကံကောင်းချင်ရင် နေ့စဉ်လှူပါ။အလှူတစ်ခုကို ကြီးကြီးကျယ်ကျယ်လုပ်မှ အလှူဖြစ်တယ်လို့ ထင်နေရင် မှားပါလိမ့်မယ်။ လှူဒါန်းငွေ တန်ဖိုး အနည်းအများနဲ့ မဆိုင်ပဲ စိတ်ရှင်းရှင်းနဲ့ နေ့စဉ် လှူပါက သင့်ရဲ့ ကံသည်လည်း ပြောင်းလဲတိုးတက်လာပါလိမ့်မယ်။ ဝင်ငွေမကောင်းတဲ့ အချိန် ဘယ်လိုများ နေ့စဉ်လှူနိုင်မလဲလို့ တွေးမိနိုင်ပါတယ်။ မခက်ခဲပါ။ကိုယ်ရည်စူးသော ဘုရားစေတီ တစ်ခုခုရဲ့ ရွှေသင်္ကန်း ဒါမှမဟုတ် လျှပ်စစ်မီးကို လှူဖို့ စိတ်ထက်သန်တယ်ဆိုကြပါစို့။စုဗူးတစ်ခုကို ဝယ်လိုက်ပါ။ ထိုစုဗူးမှာ ကိုယ်ရည်စူးလှူဒါန်းမည့် ဘုရားအတွက် ရွှေသင်္ကန်း ဒါမှမဟုတ် လျှပ်စစ်မီးအတွက်လို့ ရေးမှတ်လိုက်ပါ။

အဲ့ဒီနောက် တနေ့လျှင် တစ်ရာ ကျပ် ကို ပုံမှန် စုဗူးထဲ ပုံမှန်ထည့်သွင်းပြီး အလှူအတွက်ရည်စူးပါက ထူးခြားတဲ့ အကျိုး ဖြစ်ထွန်းစေပါတယ်။စုဗူးပြည့်သွားရင်တော့ ဘုရားမှာ သွားလှူလိုက်ပေါ့။ အလှူငွေ အနည်းအများ ဆိုတာထက် နေ့စဉ်လှူဖြစ်သွားတဲ့အတွက် ကုသိုလ် အကျိုးဆက်ဟာ ထူးထူးကဲကဲ ရမှာအသေအချာပါပဲ။ မရှိလို့ မလှူ၊ မလှူလို့ မရှိဆိုတာမဖြစ်ရအောင် တတ်နိုင်သလောက်ကို အိမ်ရှိဘုရားစဉ်ပေါ်တင်ထားသည့် စုဗူးထဲ နေ့စဉ် မပျက် လှူဒါန်းပေးခြင်းဖြင့် ကုသိုလ်စိတ်သည် နေ့စဉ် ပွါးများစေပါတယ်။ တစ်ခါတည်း သိန်းသောင်းချီလှူတာထက် ကုသိုလ်စိတ်ဖြင့် နေ့စဉ် စုဗူးမှာစုပြီးလှူပါက ပိုပြီး အကျိုးများစေနိုင်တာမို့ လက်တွေ့လုပ်ကြည့်ကြပါ။ကိစ္စတစ်ခု အောင်မြင်ချင်လို့ အခက်အခဲကို ကျော်ဖြတ်ချင်လို့ ယတြာ ချေတာထက် အများကြီးပိုကောင်းတယ်။"ဆိုပြီး တတ်နိုင်သလောက်ကို လှူဒါန်းဖို့အတွက် တိုက်တွန်းထားပါတယ်နော်။

Source:Zay Thiha

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။