မြန်မာပြည်ရဲ့ နာမည်ကြီးမိတ်ကပ် ပညာရှင်တွေထဲကမှ တစ်ဦးဖြစ်တဲ့ မထက်ကို အားလုံးပဲသိကြမှာပါ...။ သူမဟာဆိုရင် transgender တစ်ယောက်ဖြစ်ပြီး မိန်းကလေးအစစ်တွေ ရှုံးရလောက်အောင် ခန္ဓာကိုယ်အချိုးအစားဟာလည်း ပြေပြစ်လှပတာဖြစ်ပါတယ်....။ အခုနောက်ပိုင်းမှာဆိုရင်တော့ မော်ဒယ်လ်၊ သရုပ်ဆောင် တစ်ယောက်အနေနဲ့ အနုပညာလောကထဲသို့ ဝင်ရောက်လာပြီဖြစ်ပါတယ်...။ မထက်ဟာ အတိုအပြတ်လေးတွေနဲ့ ဆွဲဆောင်မှုရှိသလို၊ မြန်မာဝတ်စုံတွေဝတ်လိုက်ပြန်ရင်လည်း ရိုးယဉ်စွာ လှပနေတာပါနော်...။

မထက်ရဲ့ လတ်တလောအနုပညာလှုပ်ရှားမှုတွေဟာဆိုရင်တော့ photo shooting တွေ၊ ကြော်ငြာမဂ္ဂဇင်းတွေကို အများအပြား လက်ခံရိုက်ကူးပေးလျက်ရှိတာဖြစ်ပါတယ်...။ မထက်ဟာ "ကျားကျားကြိုက်ကြိုက်" ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးထဲမှာလည်း ပါဝင်သရုပ်ဆောင်ထားတာကို အားလုံးပဲသိကြရမှာပါ...။ မထက်ရဲ့ ကမ်းခြေထက်က ရေကူးဝတ်စုံနဲ့ အမိုက်စားပုံရိပ်လေးတွေဟာဆိုရင်လည်း မြင်သူတကာကို ညှို့ယူဖမ်းစားနိုင်တာဖြစ်ပါတယ်...။

မထက်က ပရိသတ်ကြီးနဲ့ အဆက်အသွယ် မပြတ်ရအောင် လူမှုကွန်ယက်စာမျက်နှာများဖြစ်ကြတဲ့ facebook၊ instagram တို့တွင် သူမရဲ့ နေ့စဉ်လှုပ်ရှားမှု၊ အနုပညာလှုပ်ရှားမှု အမျိုးမျိုးကို အစဉ်အမြဲဖော်ပြပေးလေ့ရှိတာဖြစ်ပါတယ်..။ အခုတစ်ခါမှာဆိုရင်လည်း "အချစ်ဆိုတာ...ပိုင်ဆိုင်စရာ လိုပါဘူးနော်... ရုတ်တရက်လှမ်းမြင်ခွင့်ရတဲ့ မင်းရဲ့ပုခုံးစွန်းလေးနဲ့တင် အလွမ်းတွေပြေခဲ့မိတယ် ချစ်သူ" ဆိုတဲ့ status လေးနဲ့တကွ အလှပုံရိပ်တွေကို တင်ဆက်ပြသထားပြီး Myanmarload ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်..။

Source Htet Htet Htet 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။