ပရိသတ်ကြီးရေ.. ကိုသားကြီးလို့ ဆိုလိုက်တာနဲ့ အနုပညာလောကမှထိပ်တန်းကနေ အောင်မြင်မှုတွေနဲ့အတူ ပရိသတ်တွေရဲ့ ရင်ထဲ အခိုင်အမာနေရာယူထားတဲ့ တစ်ဦးတည်းသော အနုပညာရှင်ကတော့ ပြည်သူပရိသတ်တွေအားလုံး ယနေ့တိုင် မမေ့နိုင်သေးတဲ့ အကယ်ဒမီမင်းသာ ဒွေးပဲ ဖြစ်ပါတယ်နော်..။

ဒီကနေ့လေးကတော့ ပြည်သူ့အချစ်တော် ကိုသားကြီး ကွယ်လွန်သွားတာ (၁၂)နှစ်ပြည့်တဲ့ နေ့ရက်လေးဖြစ်ပြီး ချစ်မြတ်နိုးရတဲ့ အနုပညာလောကနဲ့ ပရိသတ်တွေကို ထာဝရခွဲခွာသွားခဲ့တာ (၁၂)နှစ်ပြည့် တိတိပြည့်သွားခဲ့ပါပြီနော်..။


ဒီကနေ့လေးမှာတော့ ကိုသားကြီးကိုလွမ်းဆွတ် သတိရစွာနဲ့ မမေ့နိုင်တဲ့ အကြောင်းလေးတွေကိုလည်း အနုပညာရှင်တော်တော်များများနဲ့ ပရိသတ်တွေကလည်း သတိတရနဲ့ လွမ်းဆွတ်သတိရကြောင်းနဲ့ ဆုတောင်းမေတ္တာလေးတွေ ပို့သထားကြတာလည်း အများအပြားတွေ့မြင်ရပါတယ်နော်..။

ကိုသားကြီးကတော့ သဘာဝဇာတ်ရုပ်တွေနဲ့ ပကာသနမဖက်တဲ့ နေထိုင်မှုတွေနဲ့အတူ ပီပြင်တဲ့ သရုပ်ဆောင်ပိုင်နိုင်မှုတွေကလည်း ယနေ့အချိန်ထိ ပရိသတ်တွေရဲ့ မှတ်ဉာဏ်တွေထဲမှာ အထင်အရှားပေါ်လွင်နေတုန်းပါပဲနော်..။


အကယ်ဒမီထူးချွန်ဆုတွေများစွာ ရရှိထားတဲ့ ကိုသားကြီးလို့ အားလုံးက ချစ်စနိုးခေါ်ကြတဲ့ ဒွေးကတော့ ပြီးခဲ့တဲ့(၂၀၀၇)ခုနှစ် ဇူလိုင်လ(၁၁)ရက် (ဗုဒ္ဓဟူးနေ့) ညနေ (၅) နာရီမှာ သူ့ရဲ့နေအိမ်ဖြစ်တဲ့ အမှတ် (၃၄) (စီ)၊ အေးသာယာလမ်း၊ ဘောက်ထော်မှာ နှလုံးရောဂါနဲ့ မမျှော်လင့်ပဲ ဆုံးပါးကွယ်လွန်သွားတာပဲဖြစ်ပါတယ်နော်..။

ကိုသားကြီးရဲ့ ရုပ်အလောင်းကိုတောာ့ ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ ရေဝေး သုဿန်မှာ ဇူလိုင်လ(၁၃)ရက်နေ့ မနက် (၅)နာရီမှာ မီးသဂြိုဟ်ခဲ့ပြီး အရိုးပြာကို ပြန်လည်သယ်ဆောင်လာကာ ချောင်းဝဘုန်းကြီးကျောင်းမှာ လွမ်းစေတီတည်ကာ ဒွေးရဲ့ ပုံတူ ရုပ်ထုနဲ့ သူရရှိခဲ့တဲ့ အကယ်ဒမီရွှေစင်ဆုကို သူဆောက်လုပ်လှူဒါန်းခဲ့သော ချောင်းဝဘုန်းကြီးကျောင်းရှိ အကယ်ဒမီကျောင်းမှာ အမှတ်တရထားရှိထားတယ်လို့ သိရပါတယ်နော်..။

Photo - Wikipedia

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။