ပြီးခဲ့တဲ့ရက်ပိုင်းမှာတော့ အာဖဂန်နစ္စတန်နိုင်ငံအတွင်းမှာ စစ်ပွဲတွေနဲ့ပတ်သတ်ပြီး ညီလာခံတစ်ရပ်ကျင်းပပြုလုပ်ခဲ့ကြပါတယ်။

၎င်းညီလာခဲ့ကိုတော့ အာဖဂန်ခေါင်းဆောင်တွေ တာလီဘန်သူပုန်တွေအပြင် အခြားသောသူတွေလည်း တက်ရောက်ခဲ့ကြပြီး ငြိမ်းချမ်းရေးအတွက် ဆေးနွေးတိုင်ပင်မှုတွေပြုလုပ်ခဲ့ကြပါတယ်။

၎င်းညီလာခံအတွင်းမှာဆိုရင်လည်း အာဖဂန်နစ္စတန်နိုင်ငံအတွင်းမှာ ၁၈ နှစ်ကြာဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်တွေ အဆုံးသတ်နိုင်ရေးနဲ့ ပတ်သတ်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တရပ်ကို သဘောတူချမှတ်နိုင်ခဲ့တယ်လို့သိရပါတယ်။

ဒါ့အပြင် အာဖဂန်နိုင်ငံထဲမှာ တပ်စွဲပြီး တာလီဘန်သူပုန်တွေကို တိုက်ခိုက်နေတဲ့ အမေရိကန်တပ်ဖွဲ့တွေကို ရုပ်သိမ်းပေးဖို့အတွက်ကိုလည်း အမေရိကန်နဲ့ တာလီဘန်တို့ကြား ဆွေးနွေးဖို့ သဘောတူညီချက်ရရှိခဲ့တယ်လို့သိရပါတယ်။

ဒါ့အပြင် အာဖဂန်နဲ့ တာလီဘန် နှစ်ဖက်လုံးက အရပ်သားတွေ သေဆုံးမှုလုံးဝမရှိစေရေး ၊ ဆေးရုံတွေ ၊ ကျောင်းတွေ နဲ့ ဈေးတွေကို မတိုက်ခိုက်ဘဲ ရှောင်ရှားပေးကြမယ်လို့ ကတိပြုနိုင်ကြတယ်လို့ သိရပါတယ်။

Source- WNS 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။