ချစ်ပရိတ်သတ်ကြီးရေ... ဟိုးအရင်ကနေ အခုအချိန်ထိ လျှမ်းလျှမ်းတောက်အောင်မြင်နေတဲ့ Hip Hopအဆိုတော်တစ်ယောက်လည်းဖြစ်သလို လူငယ်တွေရဲ့ စံပြ သရုပ်ဆောင်မင်းသားတစ်လက်လည်းဖြစ်တဲ့ စိုင်းစိုင်းခမ်းလှိုင်ကို မသိတဲ့သူမရှိပါဘူးနော်။ နိုင်ငံကျော် အဆိုတော်တစ်ယောက်လည်းဖြစ်ပြီးတော့ သူမတူတဲ့ Rapသီချင်းတွေ R&Bသီချင်းတွေ နဲ့ ဖန်တီးမှုအသစ်တွေကို ပရိတ်သတ်တွေကို ချပြနိုင်ခဲ့တာကြောင့်လည်း တကယ့်ထိတ်တန်းအနုပညာရှင်တစ်ယောက်ဖြစ်နေရတာပါနော်။

အသက်အရွယ်ကို ဘယ်နည်းနဲ့မှခန့်မှန်းလို့မရနိုင်လောက်အောင်ကို နုပျိုလွန်းတဲ့ ဦးဦးစိုင်းစိုင်းဟာ နှုတ်ခမ်းနီမလေးတွေရဲ့ သည်းသည်းလှုပ်အားပေးခြင်းကိုခံနေရတဲ့ သူတစ်ယောက်လည်းဖြစ်ပါသေးတယ်နော်။ သူဟာလက်ရှိမှာဆိုရင်လည်း ထွက်သမျှသီချင်းခွေတိုင်းဟာအောင်မြင်မှုတွေရရှိနေပြီးတော့ သရုပ်ဆောင်ဘက်မှာလည်း ရုံတင်ရုပ်ရှင်ဇာတ်ကားကြီးပေါင်းများစွာကို ရိုက်ကူးနေရပါတယ်နော်။

နောက်ထပ်ရိုက်ကူးပုံဖော်မယ့် ပိတောက်ကတဲ့ဂီတ ဆိုတဲ့ သြင်္ကန် ရုပ်ရှင်အတွက် နာမည်ကျော်သရုပ်ဆောင် မင်းသမီးချောလေး ပိုင်ဖြိုးသု ပရိတ်သတ်အချစ်တော် သရုပ်ဆာင်မလေး ပိုးမမှီသာတို့နဲ့အတူတူ စိုင်းစိုင်းတစ်ယောက်ဟာ ပရိတ်သတ်တွေ အတွက်အကောင်းဆုံသောရသတွေပေးစွမ်းနိုင်ဖို့ ကြိုးစားနေတာကိုတွေ့ရပါတယ်နော်။ အခုလည်း ဒီ သြင်္ကန်ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်မယ့် မင်းသမီးချောလေးပိုးမမှီသာအတွက် သုသုရဲ့ Training ပေးမှုအပေါ် ကျေးဇူးတင်စကားကိုလည်းဆိုထားပါတယ်နော် ။ ကဲ... တကယ့်နာမည်ကျော်တွေ ပါဝင်တဲ့ဇာတ်ကားမို့လို့ ပရိတ်သတ်တွေဆီ အကောင်းဆုံးပုံစံနဲ့ရောက်ရှိလာမယ်ဆိုတာပြောစရာမလိုပါဘူးနော်။ ဒါကြောင့်... ဒီဇာတ်ကားအတွက် အစွမ်းကုန်ကြိုးစားနေတဲ့ ပရိတ်သတ်တွေရဲ့အချစ်တော် စိုင်းစိုင်း ပိုင်ဖြိုးသုနဲ့ ပိုးမမှီသာတို့ရဲ့ ပုံရိပ်လေးတွေကို ချစ်ပရိတ်သတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source : Sai Sai Kham Leng

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။