အခုလတ်တလောမှာ နာမည်ကြီးလူကြိုက်များလာတဲ့ မင်းသာချော ခါရာဟာဆိုရင် နိုင်ငံခြားမင်းသားနဲ့တန်းတူ အရေအချင်းပြည့်စုံတာပဲဖြစ်ပါတယ်....။ စံချိန်မှီတဲ့ အမိုက်စား ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတာဖြစ်ပြီး social media ကွန်ယက်မှာ နှုတ်ခမ်းနီမလေးတွေရဲ့ သည်းသည်းလှုပ်အားပေးမှုကို လက်ခံရရှိထားတာဖြစ်ပါတယ်...။ အနုပညာလောကထဲသို့ action မင်းသားတစ်ယောက်အနေနဲ့ ခြေချဝင်ရောက်လိုက်တာဖြစ်ပြီး အမိုက်စား သရုပ်ဆောင်ပီပြင်မှုတွေကြောင့် အချိန်တိုအတွင်းမှာပဲ တစ်ခဲနက်အားပေးမှုတွေကို လက်ခံရရှိလာတာဖြစ်ပါတယ်...။

Mrtv-4 ရုပ်သံဇာတ်လမ်းတွဲများဖြစ်ကြတဲ့ "မနေ့ကဖြစ်သည် ၂" ထဲမှာ ရဲနောင်အဖြစ်ပါဝင်သရုပ်ဆောင်ထားပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေကိုလည်း လက်ခံရိုက်ကူးထားတာဖြစ်ပါတယ်....။ "အဆိပ်ရှိလူရိုင်း"၊ "မြို့ပြမုဆိုးများ" ရုပ်ရှင်ဇာတ်ကားကြီးတွေထဲမှာ သဘာဝကျကျ ပါဝင်သရုပ်ဆောင်ထားပြီး ပရိသတ်တို့အနေနဲ့ စောင့်မျှော်အားပေးကြည့်ရှုကြရမှာဖြစ်ပါတယ်...။ ခါရာဟာဆိုရင် သူငယ်ချင်းတွေနဲ့အတူ အခွီဗီဒီယိုဖိုင်လေးတွေကို ပြုလုပ်ဖန်တီးတင်ဆက်ပေးလျက်ရှိပြီး အခုတစ်ခါမှာဆိုရင်လည်း နိုင်ငံတကာ cele တွေ၊ အနုပညာရှင်တွေ ပြုလုပ်ကြတဲ့ "Bottle Cap Challenge" ကို အမိုက်စား ကန်ချက်နဲ့ လုပ်ပြသွားတာပါနော်...။

ခါရာဟာ ထိုဗီဒီယိုဖိုင်လေးကို သူရဲ့ official facebook acc တွင် သူရဲ့ သူငယ်ချင်းတွေဖြစ်ကြတဲ့ "Min Myat Soe San၊ Htoo Aung၊ Tyron Bejay" တို့ကိုလည်း mention ခေါ်ကာ challenge လုပ်ထားပါသေးတယ်...။ ခါရာက ခေတ်လူငယ်ပီပီ social media ကွန်ယက်များဖြစ်တဲ့ facebook၊ instagram တို့တွင် သူရဲ့ နေ့စဉ်လှုပ်ရှားမှု၊ အနုပညာလှုပ်ရှားမှု အမျိုးမျိုးကို အစဉ်အမြဲဖော်ပြပေးလေ့ရှိတာဖြစ်ပါတယ်...။ အခုတစ်ခါတင်ဆက်ထားတဲ့ ဗီဒီယိုဖိုင်လေးကို ကြည့်ရှုပြီး ခါရာကို ဆက်လက်အားပေးသွားကြပါဦး..။

Source Khar Ra

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။