အနုပညာလောကမှာ ပရိတ်သတ်တွေပေးတဲ့ နေရာတစ်နေရာကိုပိုင်ပိုင်နိုင်နိုင်ရရှိထားပြီးတော့ အောင်မြင်မှုမှတ်တိုင်တွေကို စိုက်ထူထားနိုင်ခဲ့တဲ့မင်းသမီးမျိုးစန္ဒီကျော်ဆိုတာ နာမည်ကျော်လေးတစ်ယောက်ပါပဲနော်။ ဟိုးအရင် ဗီဒီယိုဇာတ်ကားတွေခေတ်စားနေနဲ့အချိန်လောက်ကတည်းက ပရိတ်သတ်တွေရဲ့ အားပေးမှုကိုတစ်ခဲနက်ရရှိထားသူဖြစ်ပြီးတော့ အခုအချိန်ထိလည်း သူမကို ချစ်တဲ့အားပေးတဲ့ ပရိတ်သတ်တွေ ဒုနဲ့ဒေးပါပဲနော်။

အချစ် အမုန်း အလွမ်း ကျရာဇာတ်ရုပ်ကို ဆေးစက်ကျရာသရုပ်ပေါ်အောင် ပီပီပြင်ပြင်နဲ့ သရုပ်ဆောင်နိုင်တာကြောင့် ပရိတ်သတ်တွေရဲ့ ရေရှည်တည်တံ့တဲ့အချစ်တွေကိုပိုင်ဆိုင်ထားခဲ့ရပါတယ်နော်။ ဒါ့အပြင်အခုဆိုရင် သူမဟာ ချစ်ဖို့ကောင်းတဲ့ သမီးလေး Jewelလေးကိုပိုင်ဆိုင်ထားရတဲ့ မိခင်တစ်ယောက်ဖြစ်နေပြီးတော့ ပျော်စရာကောင်းတဲ့ သားအမိဆက်ဆံရေးကိုပိုင်ဆိုင်ထားပါတယ်နော်။

အခုတစ်ခါမှာတော့ မေမေ့ချစ်သမီးလေး Jewelလေးဟာ ပုံလှလှလေးတွေနဲ့ ပရိတ်သတ်တွေကို ဖမ်းစားလိုက်ပြန်ပါပြီနော်။ ကိုရီးယားနန်းတွင်းဝတ်စုံသေးသေးလှလှလေးတွေကို သူငယ်ချင်းတွေနဲ့အတူတူ ဝတ်ပြီးတော့ ချစ်ဖို့ကောင်းတဲ့ အိုက်တင်လေးတွေနဲ့ ပျော်ရွှင်စွာပဲ ပုံလှလှလေးတွေရိုက်ခဲ့ပါတယ်နော်။ မင်းသမီးချောလေး ဖူးစုံရဲ့ တူမလေးဖြစ်တဲ့ ပရိတ်သတ်တွေရဲ့အသည်းကျော် အခရာလေးနဲ့လည်း နန်းတွင်းဝတ်စုံလေးကိုယ်စီနဲ့ ချစ်ဖို့ကောင်းတဲ့ ပုံရိပ်လေးတွေကို ရိုက်ခဲ့ပါသေးတယ်နော်။ ကဲ... ပျော်ပျော်နေတတ်ပြီး နောက်တတ်ပြောင်တတ်တဲ့ မီးမီးလေး Jewelလေးရဲ့ ချစ်စရာပုံရိပ်လှလှလေးတွေကို ချစ်ပရိတ်သတ်တွေအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source : Myo Sandy Kyaw

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။