ဇွဲကပင်ယူနိုက်တက်အသင်းဟာ စာချုပ်ပါစည်းကမ်းချက်တွေကို ဖောက်ဖျက်ခဲ့လို့ ကစားသမားသီဟထက်အောင်ကို ပြိုင်ပွဲမှာထည့်သွင်းကစားခြင်းကနေ ရပ်ဆိုင်းလိုက်ပါတယ်။ ဇွဲကပင်ယူနိုက်တက်အသင်းရဲ့ တရားဝင်လူမှုကွန်ယက်စာမျက်နှာထက်မှာ အခုလို ရေးသားထားခဲ့တာပဲ ဖြစ်ပါတယ်။

" ဇွဲကပင်ယူနိုက်တက်အသင်း ကစားသမားသီဟထက်အောင် သည်အသင်းမှချမှတ်ထားသောစည်းမျဉ်းစည်းကမ်းများကိုဖေါက်ဖျက်ခြင်း/TRAINING အကြိမ်ကြိမ်ပျက်ကွက်ခြင်းတို့ကြောင့်နည်းပြချုပ်သည်အသင်းပြိုင်ပွဲကစားသည့်ရက်များတွင်ထည့်သွင်းကစားခြင်းကိုရပ်ဆိုင်းထားခဲ့ပါသည်။၎င်းသီဟထက်အောင်သည်ပထမအကျော့ဇွဲကပင်အသင်းနှင့်ဟံသာဝတီတို့ပွဲကန်ပြီးနောက်ပိုင်းတွင်အသင်းအားအကြောင်းကြားခြင်းဆက်သွယ်ခြင်းမပြုတော့ပဲ မိမိဆန္ဒဖြင့်အသင်းကိုရောက်လာခဲ့ခြင်း မရှိခဲ့ပါ။MNL SECOND ROUND WINDOW တွင်၎င်းကစားသမားသည် release letter တောင်းခံလာခဲ့ပါသည်။သို့သော်လည်း ၎င်းသည် စာချုပ်ပါစည်းကမ်းချက်များကို ဖောက်ဖျက်ခြင်းကြောင့် release letter အား ဇွဲကပင်အသင်းမှ ယနေ့ထုတ်ပြန်သည့်နေမှစ၍ရပ်ဆိုင်းထားပါသည် " ဆိုပြီး ရေးသားထားခဲ့ပါတယ်။  

" အဆိုပါကစားသမားသည်ဇွဲကပင်အသင်းကနေချေးယူထားသည့်ငွေသိန်း၆၀ကျပ်ကိစ္စနှင့်ပတ်သက်၍လည်းလာရောက်ရှင်းလင်းခြင်းမရှိခဲ့ပါ။၎င်းကစားသမားသည်အသင်းအားထင်ယာင်ထင်မှားဖြစ်စေအောင်အမျိုးမျိုးပြောဆိုနေသည်မှာ မှားယွင်းနေပါသဖြင့် MNL ပြိုင်ပွဲကျင်းပရေးကော်မတီနှင့်MNL ပြိုင်ပွဲတွင်ပါဝင်ယှဉ်ပြိုင်နေသည့်အသင်းများအားလုံးသိရှိစေရန် ဇွဲကပင်ယူနိုက်တက်အသင်းမှ သတင်းထုတ်ပြန်လိုက်သည်။ " ဆိုပြီး ရေးသားထားခဲ့ပါတယ်။

SOURCE:  Zwekapin United Football Club

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။