၂၀၁၅ ယူ၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲမှာမြန်မာယူ၁၉အသင်းအတွက် တစ်လုံးတည်းသောအနိုင်ဂိုးနဲ့ ကမ္ဘာ့ဖလားဝင်ခွင့်ရအောင်လုပ်ပေးခဲ့တာကတော့ တိုက်စစ်မှူးသန်းပိုင်ပဲဖြစ်ပါတယ်။သူကရှည်တဲ့အရပ်အမောင်းနဲ့ဂိုးသွင်းသေချာတဲ့အချက်တွေကြောင့် တစ်နိုင်ငံလုံးကချစ်ကြတဲ့ တိုက်စစ်မှူးတစ်ယောက်ပဲဖြစ်ပါတယ်။ 

သူကတော့တစ်ချိန်ကမြန်မာ့လက်ရွေးစင်အသင်းမှာခြေစွမ်းပြကစားခဲ့ပေမယ့် နောက်ပိုင်းမှာတော့ဒဏ်ရာပြဿနာတွေကြောင့် မြက်ခင်းစိမ်းတွေနဲ့ဝေးနေသူတစ်ယောက်ဖြစ်ပါတယ်။သူကတော့ခုမှာ ဒဏ်ရာကပြန်သက်သာလာပြီး ကလပ်အသင်းမှာခြေစွမ်းပြဂိုးတွေသွင်းယူပေးနေတာဖြစ်ပါတယ်။ဒဏ်ရာကသက်သာလို့ကစားပြီးမကြာမီမှာ ခြေစွမ်းတွေပြနိုင်တာကြောင့်ပရိသတ်တွေအချစ်ကိုပြန်ရရှိနေတာဖြစ်ပါတယ်။ 

သူကတော့တစ်ချိန်ကမြန်မာပရိသတ်တွေရဲ့အချစ်တော်တစ်ယောက်ဖြစ်ခဲ့ပြီး သူ့သွင်းဂိုးတွေကထိုင်းမီဒီယာတွေကတောင်ဖော်ပြချီူးကျူးခဲ့ရတာပါ။တိကျသေချာတဲ့ကန်သွင်းမှုတွေကြောင့်သွင်းဂိုးတိုင်းကလည်းလှလှပပနဲ့ဂိုးသမားတွေမဖမ်းနိုင်ပဲဖြစ်ခဲ့ရတာပါ။ပရိသတ်တွေအတွက်လည်း လက်ရွေးစင်အသင်းမှာပါဝင်ဖို့ ပြန်ကြိုးစားနေတဲ့ သန်းပိုင်ရဲ့တစ်ချိန်ကသွင်းဂိုး video လေးကိုလည်းတင်ဆက်ပေးလိုက်ကပါတယ်။

SOURCE:Pro24 Agency

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။