ပရိသတ်ကြီးရေ မင်းသမီးတစ်ယောက်ဖြစ်ခဲ့ဖူးတဲ့ ချောရတနာကတော့ တစ်ခေတ်တစ်ခါမှာ လူကြိုက်များအောင်မြင်ခဲ့တဲ့အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်နော်။အခုချိန်မှာဆိုရင်တော့ ပျော်ရွှင်စရာမိသားစုလေးလည်းရှိနေပြီဖြစ်လို့ သားနဲ့သမီးရဲ့ဝေယျာဝစ္စတွေကိုလုပ်ကိုင်ပေးကာ အိမ်ထောင်ရှင်မတစ်ယောက်အဖြစ်ရပ်တည်နေလို့ အနုပညာအလုပ်တွေနဲ့အလှမ်းဝေးကွာနေတာကိုတွေ့ရပါတယ်နော်။

ချောရတနာရဲ့ညီမလေး သန္တာဗိုလ်ကလည်း မမလိုပဲ အနုပညာကိုဝါသနာပါတဲ့သူတစ်ယောက်ဖြစ်လို့ အနုပညာအလုပ်တွေကိုလုပ်ကိုင်နေကာ ချစ်မမချောရတနာကလည်း ညီမလေးရဲ့အလုပ်အတွက် အကြံဉာဏ်တွေလည်းပေးပါတယ်နော်။ညီအစ်မနှစ်ယောက်ကတော့ ရုပ်ချင်းလေးတွေဆင်ကြလို့ ပရိသတ်ကြီးကတော့ ညီအစ်မနှစ်ယောက်လုံးကိုအားပေးချစ်ခင်ကြပါတယ်။

ချောရတနာကတော့ အရမ်းချစ်စရာကောင်းတဲ့သားနဲ့သမီးနှစ်ယောက်ကြောင့် တစ်နေ့တစ်နေ့ပျင်းရတယ်လို့မရှိပါဘူးနော်။အခုဆိုရင်လည်း ချောရတနာရဲ့သမီးငယ်လေး Co Co က ပန်းကန်ထဲက ထမင်းတွေကို လက်နဲ့စိတ်ကြိုက်နယ်နေပြီး အားရပါးရစားသောက်နေတဲ့ ဗီဒီယိုဖိုင်လေးကို ပရိသတ်ကြီးအတွက် မေမေချောရတနာက မျှဝေပေးလိုက်ပါတယ်နော်။

Source:Chaw Yadanar

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။