ပရိသတ်ကြီးရေ.. အမိုက်စား Rock သီချင်းတွေနဲ့ ပရိသတ်တွေရဲ့ အားပေးဝန်းရံမှုတွေနဲ့ အနုပညာလောကမှာ အောင်မြင်မှုတွေကို အခိုင်အမာရရှိထားသူကတော့ အဆိုတော်ထူးအယ်လင်းပဲ ဖြစ်ပါတယ်နော်..။

သီချင်းကောင်းကောင်းလေးတွေအပြင် စကားပြောပွင့်လင်းပြီး လှူဒါန်းမှုတွေကို မကြာခဏပြုလုပ်တတ်တဲ့ စိတ်ထားပြည့်ဝမှုတွေကြောင့်လည်း ပရိသတ်တွေက အမြဲအားပေးချစ်ခင်နေကြတာလည်း တွေ့ရပါတယ်နော်..။


အဆိုတော်ထူးအယ်လင်းကတော့ စကားပြောပွင့်လင်းသူပီပီ သူ့ကို Messenger ကနေ အပြာကားလာပို့တဲ့ ကောင်မလေးကြောင့် စိတ်အနှောင့်အယှက်ဖြစ်ခဲ့ရတဲ့အကြောင်းကိုလည်း ပွင့်ပွင့်လင်းလင်း ပြောပြလာခဲ့ပါတယ်..။

အဆိုပါကောင်မလေးကြောင့် ဇနီးဖြစ်သူနဲ့အတူ စကားများခဲ့ရပြီး fb မှာ ဘယ်မိန်းကလေးကိုမှ သေံးဆောင်ဖြားယောင်းမှုတွေ လုံးဝမလုပ်တဲ့အကြောင်းနဲ့ သူ့ကိုလည်း မဟုတ်တာတွေ လာမလုပ်ဖို့အကြောင်းကိုလည်း စာရေးပြီး ပြတ်ပြတ်သားသား တုန့်ပြန်လိုက်ပါတယ်နော်..။


“ငါ Facebook သုံးနေတာ အလှူဒါနကိစ္စတွေအတွက်ပဲသုံးတယ်... စာပို့ပြီး ဖွန်ကြောင်တာတို့ ဖျားရောင်းသွေးဆောင်တာတို့ မည်သည့်မိန်းကလေးကိုမှ မည်သူတစ်ဦးတစ်ယောက်ကိုမှ မလုပ်ခဲ့ဘူး .. လုပ်စရာလည်းမလိုဘူး..

ငါ့လဲ လာမလုပ်နဲ့ လုံးဝမကြိုက်ဘူး ။

ဒီနေ့မိန်းမနဲ့စကားများတယ် ငါစိတ်ပျက်တယ် ။

ဒီမိန်းမကလဲ နားလည်မှူမရှိဘူး သူယူထား ရထားတာ အများလူ ပရိတ်သတ်နဲ့ သွားလာနေတဲ့လူ။

ငါ့ ငါးပါးသီလနဲ့ငါ လုံအောင်နေတယ်... ဒါကြောင့် ဒီနေ့ စိတ်ပျက်မိတယ် .. အရင်လိုစိတ်နဲ့ သောက်စားနေတုန်းကဆိုရင်တော့ ပြသနာဒီထက်အကြီးကြီးဖြစ်သွားမယ်။

ပေါက်ကရတွေမလုပ်ချင်တော့ဘူး ငါ့လဲပေါက်ကရ တလွဲတွေ မလုပ်ကြပါနဲ့ပြောရင်း စာရေး ဖေါက်သယ်ချလိုက်တယ်။ ရင်ထဲ ပေါ့သွားတာပေါ့ ။

ကျေးဇူးတင်ပါတယ် Facebook...

ဓါတ်ပုံက ကိုစစ် ပန်းချီခန်းမှ ပန်းပုရုပ် ဒါ့ပုံရိုက်ထားတာကို ပြန်မလာတာ ...

အားလုံးကို ထပ်မံ ကျေးဇူးတင်ပါတယ် ။

လှသိန်းတဲ့ကွ မှတ်ထား

ငါယွချင်ရင် လက်ဖျောက်တစ်ချက်တီးရုံပဲ။

ငါအေးအေးချမ်းချမ်းနေချင်တယ် မယွချင်ဘူး ဒါပဲ ..” ဆိုပြီး ပြတ်ပြတ်သားသား တုန့်ပြန်ပြောလိုက်တာပဲ ဖြစ်ပါတယ်နော်..။

Photo - ထူးအယ်လင်း

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။