မော်ဒယ်လ်သရုပ်ဆောင်အဖြစ်နဲ့ အနုပညာလောကထဲကိုဝင်ရောက်လာတာဖြစ်တဲ့ နန်းခင်ဇေယျာကို အထူးတလည်မိတ်ဆက်ပေးစရာမလိုဖူးထင်ပါတယ်နော်....။ သူမဟာဆိုရင် Miss Myanmar 2012 winner ဆုရှင်ဖြစ်ပြီး ပုရိသတို့စွဲမက်ဖွယ်ခန္ဓာကိုယ်ကောက်ကြောင်းအလှကို ပိုင်ဆိုင်ထားကာ စကားပြောဟန်ပြေပြစ်ချိုသာတာလည်းဖြစ်ပါတယ်။ ပရိသတ်တွေရဲ့တစ်ခက်နက်အားပေးမှုကို ရယူပိုင်ဆိုင်ထားတာလည်းဖြစ်ပြီး သဘောထားပွင့်လင်းသူလည်းဖြစ်ကာ ချစ်စရာအမူအရာလေးတွေကြောင့်လည်း ချစ်ခင်မှုတွေက တစ်ဆပြီး တစ်ဆ တိုးပွားလာတာပါ...။

ခေတ်ဆန်ဆန်ဝတ်စားဆင်ယင်တက်ပြီး မြန်မာဝတ်စုံလေးတွေနဲ့လည်း ရိုးရိုးယဉ်ယဉ်လှပနေသူတစ်ယောက်အဖြစ် တွေ့ရှိရမှာပါ..။ အဆီပိုမရှိတဲ့ ခန္ဓာကိုယ်အချိုးအစားဖြစ်အောင် gym လေ့ကျင့်ခန်းကို စနစ်တကျနဲ့ဆော့လေ့ရှိသူဖြစ်ပြီး ကစားနေတဲ့ဆွဲဆောင်မှုရှိရှိ အမိုက်စားပုံရိပ်တွေကိုလည်း ပရိသတ်တွေကြည့်ရှုခံစားရအောင် အမြဲပြသလေ့ရှိတာဖြစ်ပါတယ်...။ အင်္ဂလိပ်၊ ဂျာမန် နှစ်ဘာသာကို သင်ယူထားပြီး tour guide တစ်ယောက်အဖြစ်လည်း ဘဝကြီးကိုရပ်တည်ခဲ့သူမလို့ သူမရဲ့ ပညာအရည်အချင်းကိုလည်း ဂုဏ်ယူလေးစားကြရမှာပါ...။

နန်းခင်ဇေယျာဟာ နိုင်ငံရပ်ခြားဒေသများသို့လည်းခရီး သွားရောက်လေ့ရှိပြီး သူမရဲ့ social media ကွန်ယက်များတွင် တင်ဆက်ပေးလေ့ရှိတာဖြစ်ပါတယ်..။ ပရိသတ်တွေနဲ့ ရင်းနှီးမှုရရှိအောင်၊ အဆက်အသွယ်မပြတ်ရအောင်လည်း သူမရဲ့ နေ့စဉ်လှုပ်ရှားမှုတွေ၊ အနုပညာလှုပ်ရှားမှုတွေကို သူမရဲ့ official facebook acc တွင် အစဉ်အမြဲတင်ဆက်ပေးလေ့ရှိတာကို တွေ့ရမှာပါ ...။ အခုတစ်ခါမှာဆိုရင်လည်း ဒီဇိုင်းဆန်းသစ်သော မြန်မာဝတ်စုံလေးတွေနဲ့ ဓာတ်ဖမ်းထားပြီး ရိုက်ကူးထားတဲ့ သူမရဲ့ ပုံရိပ်လေးတွေကို Myanmarload ပရိသတ်ကြီးအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်..။

Source Nang Khin Zay Yar 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။