ပရိသတ်ကြီးရေ....နိုင်ငံတကာစံချိန်မှီတဲ့ အရပ်အမောင်းကိုပိုင်ဆိုင်ထားပြီး ထိပ်တန်း မော်ဒယ်လ် တစ်ယောက်ဖြစ်တဲ့ တိုင်းရင်းသူမလေး အောန်ဆိုင်း ကိုသိကြမယ်ထင်ပါတယ်နော်။ အခုအနောက်ပိုင်းမှာဆိုရင်တော့ အနုပညာအလုပ်တွေလည်းများစွာလုပ်ကိုင်လာတာဖြစ်ပြီး ပရိသတ်အချစ်တော် Miss တစ်ယောက်လည်းဖြစ်ပါတယ်။ လူတိုင်းအပေါ်ရိုးသားဖြူစင်စွာခင်မင်ပေါင်းသင်းဆက်ဆံတက်သူဖြစ်ပြီး ချစ်စရာကောင်းတဲ့ အမူအရာတွေကြောင့်ယောကျာ်းလေးပရိသတ်တွေသာမက မိန်းကလေးပရိသတ်တွေကပါ ဝန်းရံအားပေးလျက်ရှိတာဖြစ်ပါတယ်။

အေးအေးဆေးဆေးတည်တည် ငြိမ်ငြိမ်နေတက်သူဖြစ်ပြီး သူငယ်ချင်းတွေနဲ့လည်းပျော်ရွင်စွာ အချိန်ပေးနေထိုင်တက်သူတစ်ယောက်ဖြစ်ပါတယ်။ သူမရဲ့ ခန္ဓာကိုယ်လှပမှုနှင့် ကျန်းမာရေးကောင်းအောင် gym လေ့ကျင့်ခန်းကို စနစ်တကျနဲ့ ပုံမှန်ကစားဖြစ်နေတာကို ပရိသတ်ကြီးအနေနဲ့ မြင်တွေ့ရမှာဖြစ်ပါတယ်။ သိပ်မကြာခင်မှာ ပြသတော့မယ့် "နိုင်ငံကြီးသား" ရုပ်ရှင်ဇာတ်ကားကြီးထဲမှာလည်း ပြည်သူ့အချစ်တော် မင်းသား နေတိုးနဲ့အတူ ပါဝင်သရုပ်ဆောင်ထားတာကို ရှုစားကြရတော့မှာပဲဖြစ်ပါတယ်...။

အောန်ဆိုင်းက ခေတ်လူငယ်ပီပီ လူမှုကွန်ယက်စာမျက်နှာများဖြစ်ကြတဲ့ facebook၊ Instagram တို့တွင် သူမရဲ့ လတ်တလော အနုပညာလှုပ်ရှားမှု စတာတွေကို ပရိသတ်ကြီးနဲ့ အမြဲရင်းနှီးမှု ရရှိနေအောင် တင်ဆက်ပြသပေးလေ့ရှိတာဖြစ်ပါတယ်...။ အခုတစ်ခါမှာဆိုရင်လည်း ရွှေရောင်အလန်းစားဖက်ရှင်လေးနဲ့ ရိုက်ကူးထားခဲ့တဲ့ ပုံရိပ်လေးတွေကို သူမရဲ့ Instagram တွင် တင်ဆက်ထားပြီး Myanmarload ပရိသတ်ကြီးအတွက် ပြန်လည်ဝေမျှပေးလိုက်ပါတယ်...။

Source awnseng

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။