မြန်မာလက်ရွေးစင်ယူ-၁၈ အသင်း၏ ဇူလိုင် ၁၀ ရက် ညနေပိုင်းမှာ လေ့ကျင့်ရေးအစီအစဉ်များကို ပြုလုပ်နေတာပဲ ဖြစ်ပါတယ်။ မြန်မာလက်ရွေးစင် ယူ-၁၈ အသင်းသည် အာဆီယံယူ-၁၉ ချန်ပီယံရှစ် ပြိုင်ပွဲနှင့် အာရှယူ-၁၉ ချန်ပီယံရှစ် ခြေစစ်ပွဲအတွက် ပြင်ဆင်သည့် အနေဖြင့် ဂျပန်နိုင်ငံသို့ သွားရောက်ပြီး လေ့ကျင့်ခြေစမ်းမည် ဖြစ်ပါတယ်။

မြန်မာယူ-၁၈ အသင်း အနေဖြင့် ဂျပန်နိုင်ငံ၊ အိုဆာကာမြို့ရှိ J-GREEN SAKAI လေ့ကျင့်ရေး စင်တာတွင် ဇူလိုင် ၁၆ ရက်မှ ၂၅ ရက်ထိ ၁၀ ရက်ကြာ လေ့ကျင့်မည်ဖြစ်ပါတယ်။ လေ့ကျင့်ရေး ကာလအတွင်း ဇူလိုင် ၁၈ တွင် Cerezo Osaka U-18 အသင်း နှင့်လည်းကောင်း၊ ဇူလိုင် ၂၁ တွင် Osaka Sangyo University အသင်းနှင့်လည်းကောင်း၊ ဇူလိုင် ၂၄ တွင် Hannan University အသင်း နှင့်လည်းကောင်း ခြေစမ်းမည်ဖြစ်ပါတယ်။

မြန်မာလက်ရွေးစင် ယူ-၁၈ အသင်းကို နည်းပြချုပ်အဖြစ် ဦးစိုးမြတ်မင်းက ကိုင်တွယ်နေပြီး ဂျပန် လေ့ကျင့်ခြေစမ်း ခရီးစဉ်တွင် ကစားသမား ၂၅ ဦးပါဝင်ကာ ဇူလိုင် ၁၅ ရက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ထွက်ခွာမည် ဖြစ်ပါတယ်။ မြန်မာလက်ရွေးစင် ယူ-၁၈ အသင်းကို ဦးစိုးမြတ်မင်းက အကောင်းဆုံး လေ့ကျင့်ပေးနေတာပဲ ဖြစ်ပါတယ်။

source: mff

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။