မိုးရာသီကိုရောက်ရှိလာတာနဲ့အမျှ မိုးရွာသွန်းမှုတွေနဲ့အတူ ဆိုးရွားတဲ့ လေတိုက်မှုတွေကတော့ အဆက်မပျက်ဖြစ်ပေါ်လျှက်ရှိတာတွေ့ရပါတယ်။ အဆိုပါ မိုးရွာသွန်းမှုဆိုးရွားရာဒေသတွေထဲမှာ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ကတော့ အဓိကပါဝင်လျှက်ရှိတာတွေ့ရပါတယ်။  

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာရှိတဲ့ ရပ်ကွက်တချို့မှာ ရေဝင်ပြီး ဒေသခံတွေ ရေဘေးနဲ့ရင်ဆိုင်နေရကြောင်း သိရပါတယ်။ ဇူလိုင် ၁၀ ရက် မနက်ပိုင်းက စပြီး မြစ်ကြီးနားမြို့ စီတာပူ၊ ရမ်ပူ၊ လယ်ကုန်း၊ မြို့သစ်ကြီး စတဲ့ ရပ်ကွက်တွေရဲ့ မြေနိမ့်ပိုင်း တချို့မှာ ရေစဝင်ခဲ့တာပဲဖြစ်ပါတယ်။ 

ထို့နောက် နေ့လယ် ၁နာရီခွဲလောက်က မြို့သစ်ကြီး အုပ်ချုပ်ရေး စာရင်းအရ မြို့သစ်ကြီး ရပ်ကွက်မှာအိမ်ထောင်စု ၆၁ စု လူဦးရေ ၂၇၃ ဦး ရေဘေးသင့်နေတယ်လို့ ကနဦးသတင်းများအရ သိရပါတယ်။ မြို့သစ်ကြီးရပ်ကွက် ရေဘေးစခန်းကိုတော့ အောင်ဇေရန်အောင် ဘုရားဝင်းမှာရှိတဲ့အောင်မင်္ဂလာဓမ္မာရုံမှာ ထားရှိကြောင်း သိရပါတယ်။

SOURCE - bbc B

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။