ဘောလုံးအားကစားနည်းဟာတစ်ကမ္ဘာလုံးမှာပရိသတ်တွေစိတ်အဝင်စားဆုံးအားကစားနည်းဖြစ်တာကြောင့်ကမ္ဘာအနှံ့မှာ ဘောလုံးပွဲတွေကိုကျင်းပနေကြတာဖြစ်ပါတယ်။နိုင်ငံတိုင်းမှာလည်း ပရော်ဖက်ရှင်နယ်လိဒ်တွေကျင်းပပြီးဘောလုံးပွဲတွေကိုကျင်းပနေတာဖြစ်ပါတယ်။အင်္ဂလန်ပရီးမီးယားလိဒ်ပြိုင်ပွဲကတော့ လက်ရှိကမ္ဘာမှာ ပရိသတ်အားပေးမှုအများဆုံးကိုရရှိထားတာဖြစ်ပါတယ်။ 

အာရှမှာလည်းလိဒ်ပြိုင်ပွဲတွေကိုနိုင်ငံတိုင်းမှာကျင်းကနေတာဖြစ်ပြီး ကျွန်တော်တို့မြန်မာနိုင်ငံမှာလည်း မြန်မာနေရှင်နယ်လဒ်ကြီးကိုကျင်းပနေတာဖြစ်ပါတယ်။မြန်မာနေရှင်နယ်လိဒ်ဟာကျင်းပလာတာဆယ်စုနှစ်တစ်ခုကိုရောက်လာပေမယ့်ပရိသတ်အားပေးမှုကတော့လျော့နည်းနေတုန်းဖြစ်ပါတယ်။စတင်ကျင်းပစဉ်ကပရိသတ်အားပေးမှုအပြည့်ရခဲ့ပေမယ့်နောက်ပိုင်းမှာတော့ပရိသတ်စိတ်ဝင်စားမှုလျော့နည်းခဲ့ပါတယ်။ခုမှာတော့မြန်မာနေရှင်နယ်လိဒ်ဟာပရိသတ်စိတ်ဝင်စားမှုမြင့်တက်လာပေမယ့်တစ်ခြားအာစီယံနိုင်ငံတွေကိုမှီဖို့လိုအပ်နေတုန်းပဲဖြစ်ပါတယ်။ 

ယခု၂၀၁၉ခုနှစ်အတွင်း အာစီယံဒေသတွေကပရိသတ်အားပေးမှုအမြင့်ဆုံးလိဒ်တွေကိုကြော်ငြာခဲ့ရာမြန်မာနေရှင်နယ်လိဒ်ကမပါဝင်ခဲ့ဘူး။ပရိသတ်အားပေးမှုအမြင့်ဆုံးလိဒ်ကတော့ အင်ဒိုနီးရှားလိဒ်ကထိပ်ဆုံးမှာရပ်တည်နေတာဖြစ်ပြီးမလေးရှားလိဒ်၊ထိုင်းလိဒ်နဲ့ဗီယက်နမ်လိဒ်တို့ကအစဉ်လိုက်ရပ်တည်နေတာဖြစ်ပါတယ်။မြန်မာနေရှင်နယ်လိဒ်အနေနဲ့အောင်မြင်ဖို့ဆို ဒီထက်မကကြိုးစားဖို့လိုအပ်နေသေးတာဖြစ်ပါတယ်။

SOURCE:Asean Football

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။