ချစ်ပရိတ်သတ်ကြီး ရေ..... စွဲမက်စရာကောင်းတဲ့ သံစဉ်ချိုချိုလေးတွေနဲ့ ပရိတ်သတ်တွေရဲ့တစ်ခဲနက်အားပေးမှုတွေ ကို အခုအချိန်မှာအပြည့်အဝသိမ်းပိုက်ယူထားနိုင်နေတဲ့အဆိုတော်မလေး ဝိုင်းလေးဆိုတာ နာမည်ကျော်လေးပါပဲနော်။ပရိတ်သတ်တွေရဲ့အချစ်တော် အသည်းကျော်လေးတစ်ယောက်လည်းဖြစ်သလို ထွက်သမျှသီချင်းလေးတွေတိုင်းဟာ ပရိတ်သတ်တွေရင်ထဲကော ပါးစပ်ထဲမှာပါ အမြဲစွဲနေခဲ့ရပါတယ်နော်။

အခုနောက်ပိုင်းမှာဆိုရင်လည်း သူမဟာ အနုပညာခြေလှမ်းလေးတွေကို ခပ်စိပ်စိပ်ကလေးလှမ်းလာခဲ့ပြီးတော့ သီချင်းလေးတွေကိုလည်းပိုလုပ်ဖြစ်နေပါတယ်နော်။ သူမဟာ လတ်တလောမှာတော့ ခရီးလေးတွေထွက်ဖြစ်နေတာကိုတွေ့ရပြီးတော့ အခုတစ်ခါမှာလည်း ပြင်ဦးလွင်မြို့လေးကို အလည်အပတ်ရောက်ရှိနေခဲ့ပါတယ်နော်။

အသက်ကယ်အင်္ကျီလေးကို ဝတ်ပြီးတော့ ရေပြင်ထက်မှာ လှေကလေးကို ကိုယ်တိုင်လှော်ရင်း သူငယ်ချင်းတွေနဲ့အတူလည်ပတ်ခဲ့တာပဲဖြစ်ပါတယ်နော်။ ပျော်စရာလည်းကောင်းသလို အရမ်းကိုလှပတဲ့အတွေ့အကြုံလေးတစ်ခုလည်းဖြစ်တဲ့အတွက် သူမ ပြင်ဦးလွင်မှာ အရမ်းကိုပျော်ခဲ့ရကြောင်းချစ်ပရိတ်သတ်တွေကိုပြောပြခဲ့ပါတယ်နော်။ ကဲ... မြင်ရတဲ့သူတွေ ရင်အေးသွားစေမယ့် အပြုံးလေးရဲ့ ပိုင်ရှင် ဝိုင်းလေးရဲ့ ပြင်ဦးလွင်က ပျော်စရာကောင်းတဲ့အမှတ်တရပုံရိပ်လေးတွေကို ချစ်ပရိတ်သတ်တွေအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source : Wyne Lay

Photo Crd : M O U S E

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။