ချစ်ပရိတ်သတ်ကြီးရေ.... ချစ်စရာကောင်းလွန်းလို့ လတ်တလော ပရိတ်သတ်ကြားမှာအရမ်းရေပန်းစားပြီး တစ်ခဲနက်အားပေးခြင်းကိုခံနေရတဲ့မော်ဒယ် သရုပ်ဆောင် မလေး ဟန်နာယူရီကို ပရိတ်သတ်ကြီးတွေလည်းသိမှာပါနော်။ အားလုံးရဲ့အချစ်တော်လေးလည်းဖြစ်သလို အရုပ်မလေးနဲ့ တူတဲ့သူမရဲ့ ချစ်ဖို့ကောင်းတဲ့မျက်နှာလေးနဲ့ ကိုရီးယားမလေးလို အရမ်းကိုလှပတဲ့အသားရေလေးကိုပိုင်ဆိုင်ထားသူလေးဖြစ်တဲ့အတွက် ပရိတ်သတ်တွေအချစ်ပိုနေခဲ့ရတာပါနော်။

လက်ရှိမှာဆိုရင် သူမဟာ မဆုပ်မနစ်ကြိုးစားဖန်တီးမှုတွေကြောင့် အနုပညာနယ်ပယ်လေးထဲမှာလည်း အခြေအတော်လေးကျနေပြီဖြစ်ပြီး နာမည်လေးလည်းရလာကာ စီနီယာအနုပညာသမားတွေရဲ့ နေရာပေးခြင်းကိုလည်းခံနေခဲ့ရပါတယ်နော်။ တခြား Professional တစ်ခုဖြစ်တဲ့ မိတ်ကပ်ပိုင်းမှာလည်း အရမ်းကိုထူးချွန်တဲ့ မိတ်ကပ်ပညာရှင်လေးတစ်ယောက်လည်းဖြစ်တာကြောင့် ပရိတ်သတ်တွေရဲ့ အသိအမှတ်ပြု အားပေးခြင်းကိုခံနေခဲ့ရပါတယ်နော်။

သူမဟာ အခုတစ်ခါမှာတော့ နန်းလည်းဆန်သလို နိုင်ငံခြားလည်း ဆန်ဆန် ညှို့အားပြင်း ပုံရိပ်လှလှလေးတွေနဲ့ ပရိတ်သတ်တွေရဲ့နှလုံးသားကိုဖမ်းစားလိုက်ပြန်ပါပြီနော်။ ခမ်းနားကြီးကျယ်လွန်းလှတဲ့ ဆွဲငင်အားပြင်းတဲ့ အလှတရားလေးနဲ့ ပုရိသတွေရဲ့ ရင်ခုန်သံတွေကို ထိထိမိမိ လှလှပပသိမ်းယူသွားခဲ့တာပဲဖြစ်ပြီးတော့ မိန်းကလေး ပရိတ်သတ်တွေပါ ကြွေသွားရလောက်အောင်ကို ဓာတ်ပုံရိုက်ချက်လေးတွေက အရမ်းကို လှပလွန်းနေခဲ့ပါတယ်နော်။ ကဲ... အမိုက်စားရိုက်ချက်တွေနဲ့ အသက်သွင်းပုံဖော်ထားတဲ့ ယင်းရဲ့ အကြွေတစ်လိုင်း ပုံရိပ်လှလှလေးတွေကို ချစ်ပရိတ်သတ်တွေအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source : PHYO THIHA Styling

Photo Crd : Life Photography

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။