ချစ်ပရိတ်သတ်ကြီးရေ... ဟိုးတစ်ချိန်တုန်းကအရမ်းကိုနာမည်ကြီးခဲ့တဲ့လျှမ်းလျှမ်းတောက် မင်းသမီးတစ်လက်ဖြစ်ခဲ့ပြီးတော့ အခုအချိန်ထိလည်းပရိတ်သတ်တွေအားပေးမှုကိုအခိုင်အမာရရှိထားတဲ့ မင်းသမီးခိုင်နှင်းဝေကို မသိတဲ့သူမရှိပါဘူးနော်။ သူမဟာ တိုင်းချစ်ပြည်ချစ် အကယ်ဒမီမင်းသမီးတစ်လတ်လည်းဖြစ်ပြီးတော့ အောင်မြင်မှုမှတ်တိုင်ပေါင်းများစွာကို စိုက်ထူထားနိုင်ခဲ့သူလည်းဖြစ်ပါတယ်နော်။

သူမဟာ ပရိတ်သတ်တွေရင်ထဲစွဲလောက်အောင် သရုပ်ဆောင်ကောင်းတဲ့ အပြင် နှလုံးသားထဲစွဲလောက်အောင်လည်း ပရဟိတစိတ်အပြည့်နဲ့ အလှူအတန်းတွေကို ရှေ့ဆုံးက နေပါဝင်ကုသိုလ်ယူတတ်တဲ့ စံပြမင်းသမီးတစ်လက်ဆိုရင်လည်းမမှားပါဘူးနော်။ ခိုင်နှင်းဝေ ပရဟိတဖောင်ဒေးရှင်းလေးကိုလည်း တည်ထောင်ထားနဲ့ သူမဟာဖြူစင်တဲ့ စိတ်ရဲ့အလှကြောင့် အသက်အရွယ်ရလာပေမယ့် ထာဝရ မပျက်စီးတဲ့ နုပျိုမှုအလှတရားတွေကို ပိုင်ဆိုင်ခွင့်ရထားပါတယ်နော်။

လတ်တလောမှာ သူမဟာ ပွဲလေးတွေတက်ဖြစ်နေတာကိုတွေ့ရပြီးတော့ အခုတစ်ခါမှာလည်း SY Flim Production ကနေ ရိုက်ကူးတဲ့ဇာတ်ကားလည်းဖြစ် လတ်တလောပေါ်ပြူလာဖြစ်နေတဲ့ ရုပ်ရှင်တစ်ကားလည်းဖြစ်တဲ့ ကြိမ်နှုန်း (Frequency) ရုပ်ရှင်ဇာတ်ကားကြီးရဲ့ Red Carpet Showပွဲကိုတက်ရောက်ခဲ့ပါတယ်နော်။ လူငယ်လေးလို သွက်လက်ပေါ့ပါးပြီးတော့ ထာဝရမပြောင်းလဲတဲ့ နုပျိုမှုအလှတရားတွေကို ပိုင်ဆိုင်ထားတဲ့သူမကို ပွဲတက်တဲ့ပရိတ်သတ်တိုင်းလည်းငေးမောအားကျနေခဲ့ရပါတယ်နော်။ ကဲ... အနက်ရောင်ဖက်ရှင်လေးနဲ့ သွက်လက်နုပျိုဆဲဖြစ်တဲ့ ခိုင်နှင်းဝေရဲ့ ပွဲတက်အမှတ်တရပုံရိပ်လေးတွေကို ချစ်ပရိတ်သတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source : Khine Hnin Wai

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။