အပျိုကြီးခင်လေးနွယ်တစ်ယောက် တစ်ကိုယ်တည်းအပျိုကြီးဆိုတော့ အပူအပင်မရှိ အေးဆေးလွတ်လပ်နေတဲ့ဘဝလေးမှာ အပျော်တွေပြည့်နေတာကြောင့် အရင်ကထက် ပိုပိုပြီးလှလာတာပေါ့နော်။ အသက်သုံးဆယ်ကျော်အရွယ်လို့ထင်ရက်စရှာမရှိ အောင်ကို နုပျိုချောမောလွန်းနေတယ်ဆိုတာ သူမရဲ့ပုံရိပ်လေးတွေက သက်သေပါပဲ။ ဘယ်အချိန်ကြည့်ကြည့် သူငယ်ချင်းတွေနဲ့ အတူတူသွားနေတတ်ပြီး တစ်ယောက်တည်း လည်း အေးအေးဆေးဆေးဖြစ်နေတတ်တဲ့ သူမရဲ့ဘဝလေးက တကယ်ကိုအေးချမ်းလွန်း နေပါတယ်။

ကိုယ်ပိုင်စီးပွားရေးတွေလည်းလုပ်နေပြီး အနုပညာအလုပ်တွေနဲ့ နည်းနည်းအလှမ်းဝေး သွားတာကိုလည်းတွေ့ရပါတယ်။ စကားသံဝဲဝဲလေးနဲ့ လီဆူတိုင်းရင်းသူလေးရဲ့ ချစ်စဖွယ် ပုံရိပ်လေးတွေကို ပရိသတ်တွေကိုအမြဲတမ်းဖမ်းစားနိုင်ပြီး ဒီတစ်ခေါက်မှာလည်း အားလုံး ကြွေကျသွားအောင် ဖမ်းစားလိုက်ပြန်ပါပြီ။ အပြုံးလေးတွေက တကယ်ကိုအသက်နော်။

အနက်ရောင်ဝတ်စုံလေးကို ပန်းနုရောင်အပေါ်ထပ်လေးနဲ့ တွဲဖက်ဝတ်ဆင်ထားပြီး အနီရောင်နှုတ်ခမ်းလေးထက်က အပြုံးတွေက အားလုံးကို အပြတ်အသတ်ညို့ယူလိုက်ပါ ပြီ။ အသက်နှစ်ဆယ်ကျော်လေးလို့ထင်ချင်စရာ နုပျိုမှုတွေကတော့ သူမရဲ့လွတ်လပ် ပျော်ရွှင်တဲ့ဘဝကနေရတဲ့ ကောင်းကျိုးတွေပေါ့နော်။ ကဲ ပရိသတ်ကြီး Single is the best ဆိုတာ ယုံပြီလား။

Source - Khin Lay Nwe

Photo - Johnsy

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။