Ed Sheeran ဆိုတဲ့ ကမ္ဘာကျော်အဆိုတော်တစ်ယောက်ကို ပရိသတ်ကြီး အနေနဲ့ ကောင်းကောင်းသိကြမှာပါ။ သူဟာဆိုရင် ပရိသတ်တွေရဲ့ ရင်ထဲကို သီချင်းတွေ တစ်ပုင်္ဒပြီး တစ်ပုင်္ဒရင်ထဲကိုရောက်အောင် ပစ်ထည့်နေတဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်။ သူရဲ့ Photograph သီချင်းရယ် Perfect သီချင်းရယ် စတာတွေက ပရိသတ်တွေထဲကို ရင်ထဲကို ထိရောက်သွားခဲ့ပါတယ်။ သူကတော့ ခုချိန်မှာ Album အသစ်ထွက်ရှိဖို့ ပြုလုပ်နေသူတစ်ယောက်ဖြစ်ပါတယ်။ 

ခုချိန်မှာတော့ အသက် ၂၈နှစ်ရှိပြီဖြစ်တဲ့ Ed တစ်ယောက်ဟာ သူရဲ့ဆံပင်ပုံစံကိုပြောင်းလဲလိုက်ပြီး သူရဲ့ Album အသစ်အတွက် Promote လုပ်ခဲ့ပါတယ်။ ပရိသတ်ကြီး ပုံမှာတွေ့တဲ့အတိုင်းပါပဲ သူရဲ့ဆံပင်ပုံစံဟာဆိုရင် အသိအသားကြီးပြောင်းလဲ သွားတာကိုတွေ့ရှိရမှာဖြစ်ပါတယ်။ ပရိသတ်တွေအနေနဲ့ရော သူရဲ့အခုလက်ရှိအဲ့ပုံစံကို ကြိုက်နှစ်သက်ကြရက်လား။ 

ပုံမှာတွေ့ရှိရတဲ့ပုံတွေကတော့ သူရဲ့နောက်ဆုံးထွ့်သီချင်း MTV အတွက် ရိုက်နေတုန်းက ပုံတွေပဲဖြစ်ပါတယ်။ သူရဲ့ Instagram မှာတင်ခဲ့တာဖြစ်ပြီး Caption ကတော့ 'I’m bringing the mullet back. Friday x.' ဆိုပြီးရေးတင်ခဲ့ပါတယ်။ ဆက်လက်ပြီးတော့ သူရဲ့ရိုက်ကွင်းက Snap တွေကို တင်ခဲ့ပြီး 'What life could’ve been if music didn’t go to plan. Friday.' ဆိုပြီးရေးထားပါတယ်။ လူတိုင်းက သောကြာနေ့ကိုခုံမင်ကြပြီး အဲ့လိုနေ့တွေမှာဆို ပိုပျော်ရွှင်ကြတာကို ပရိသတ်ကြီးလဲသိကြမှာပါ။ သူရဲ့ ပုံစံအသစ်နဲ့ ပုံတွေကို ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။ 

Source : Daily Mail Celebrity 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။