ချစ်ပရိတ်သတ်ကြီးရေ... ခပ်မိုက်မိုက်သီချင်းလေးတွေကို ခိုင်မာတဲ့အသံချိုချိုလေးနဲ့ သီဆိုတတ်တဲ့ လူငယ်အဆိုတော်မလေး ဆိုဖီယာဆိုတာ အားလုံးရဲ့အသည်းကျော်လေးပါပဲနော်။ သီချင်းဆိုရရင် အမြဲတမ်းလိုလို ပျော်နေတတ်သူလေးလည်းဖြစ်ပြီးတော့ သူမချစ်တဲ့ ပရိတ်သတ်တွေအတွက် အနုပညာအလုပ်တွေကို ကြိုးစားလုပ်နေသူလေးပါပဲနော်။

သူမဟာ အဝတ်အစားဝတ်တိုင်းမှာလည်း ဖက်ရှင်ကျကျလေးအမြဲလိုလို ဝတ်ဆင်တတ်သူလေးဖြစ်ပြီးတော့ ခပ်ဟော့ဟော့ဖက်ရှင်လေးတွေကိုဝတ်ရတာလည်းကြိုက်နှစ်သက်သူလေးပါနော်။ ခပ်မိုက်မိုက်နဲ့ ဘာပဲဝတ်ဝတ်အရမ်းကိုလိုက်ဖက်တဲ့ အမိုက်စားခန္ဓာကိုယ်လေးကို ပိုင်ဆိုင်ထားသူလေးလည်းဖြစ်တဲ့အတွက် ပုရိသတွေသာမက မိန်းကလေးပရိတ်သတ်တွေရဲ့ အားကျချစ်ခင်ခြင်းကိုလည်းခံနေရသူလေးပါပဲ။

အခုတစ်ခါမှာလည်း သူမဟာ အရမ်းကိုလှပလွန်းတဲ့ အိန္ဒိယမိန်းမပျိုလေးတစ်ဦးရဲ့ ဖက်ရှင်နဲ့ ပရိတ်သတ်တွေရဲ့ နှလုံးသားကိုဖမ်းစားလိုက်ပြန်ပါပြီနော်။ ညှို့အားပြင်းပြီး အရမ်းကို လှပလွန်းနေတဲ့ အိန္ဒိယမင်းသမီးလေးတစ်ပါးအလား ပြင်ဆင်ပြီးတော့ ပုရိသတွေရဲ့နှလုံးသားကိုကြွေသထက်ကြွေအောင် လှုပ်ကိုင်ခဲ့ပါတယ်နော်။ ကဲ... ဆာရီလေးရဲ့ တကယ့်အိန္ဒိယသူလေးအလား အလှတွေပိုနေတဲ့ ဆိုဖီယာရဲ့အကြွေတစ်လိုင်း ပုံရိပ်လှလှလေးတွေကို ချစ်ပရိတ်သတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source : Sophia Everest

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။