ပရိသတ်တွေရဲ့ အားပေးဝန်းရံမှုတွေကို အခိုင်အမာရရှိထားတဲ့ သရုပ်ဆောင်အနုပညာရှင်တွေထဲမှာ သဘာဝဇာတ်ရုပ်တွေနဲ့ ပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်ထားတဲ့ ခင်လှိုင်ကလည်း အပါအဝင်ပါပဲနော်..။

သဘာဝကျပြီး ပီပြင်ပိုင်နိုင်တဲ့ ဇာတ်ရုပ်တွေကြောင့် အောင်မြင်တဲ့အနုပညာရှင်တစ်ဦးအဖြစ် ရပ်တည်နေသလို လှူဒါန်းမှုတွေကိုလည်း ဆက်တိုက်လုပ်ဆောင်ကာ ကုသိုလ်ယူတတ်ပြီး ပွင့်လင်းတဲ့ စကားပြောဟန်ပန်တွေကြောင့်လည်း ပရိသတ်တွေက အမြဲအားပေးချစ်ခင်နေကြတာဆိုလည်း မမှားပါဘူးနော်..။


အခုတစ်ခါမှာလည်း ခင်လှိုင်တို့အဖွဲ့ဟာ မကွေးတိုင်း မကွေးခရိုင် ချောက်မြို့နယ် စွယ်ပေါက္ကံ( အရှေ့ရွာ)မှာ စက်ရေတွင်း တူးကာ (၄)ကြိမ်မြောက် လှူဒါန်းကုသိုလ်ယူခဲ့တယ်လို့ သိရပါတယ်နော်..။

ရေကုသိုလ်အကျိုးတော်ဆောင် အသင်းနဲ့ (၇) ရက်သားသမီး ရေကုသိုလ်ရှင်များ စုပေါင်းလှုဒါန်းမှာဖြစ်ပြီး ဒီကနေ့ ဇူလိုင်လ(၁၁)ရက်နေ့မှာပဲ ကိုယ်တိုင်ကိုယ်ကျ သွားရောက်ပြီး စရံငွေ ပေးချေခဲ့တယ်လို့လည်း ဆိုပါတယ်နော်..။


ရေတွင်းအလှူအတွက် စရံငွေ သွားရောက်ပေးချေရင်း ဓာတ်ဖမ်းခဲ့တဲ့ အမှတ်တရပုံရိပ်လေးတွေကိုလည်း ခင်လှိုင်က ပရိသတ်တွေသာဓုခေါ်ကုသိုလ်ယူနိုင်ဖို့အတွက်လည်း ပြန်လည်မျှဝေထားပါသေးတယ်နော်..။

“ကျွန်တော်တို့ အသင်းနှင့်အတူ ရေတွင်းတူးရန် မြေနေရာလှုဒါန်းပေးပါသော ဦးဘရီ+

ဒေါ်တင်နွဲ့ မိသားစု စွယ်ပေါက္ကံ(အရှေ့ရွာ)

အားအထူးပဲ ကျေးဇူးတင်ရှိပါသည်

ရေကုသိုလ် အလှုရှင်များ ကြည်နူးပီတိဖြစ်

စေရန် တင်ပြအပ်ပါသည် အလှုရှင်များ စာရင်းကိုထပ်ပြီး တင်ပြသွားပါမည်ခင်ဗျာ

------

ရေကုသိုလ် အကျိုးတော်ဆောင်အသင်း..” ဆိုပြီးတော့လည်း ပါဝင်လှူဒါန်းထားကြတဲ့ အလှူရှင်များကိုလည်း ကျေးဇူးတင်စကားလေး ဆိုထားပါသေးတယ်နော်..။

Photo - ခင်လှိုင်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။