ပညာရှင်တွေအနေနဲ့ အခုလို တီထွင်ပြီးတော့ အောင်မြင်သွားတဲ့ အရာတွေလဲရှိသလို မအောင်မြင်ပဲ ကျရှုံးခဲ့ရတဲ့ တီထွင်မှုတွေလဲ ရှိပါတယ်။ ဒါပေမဲ့ခုကျတော့ ကိုယ်ထွင်လိုက်တဲ့အရာတွေကြောင့်ပဲ သေခဲ့ရတဲ့ ပညာရှင်တွေပဲဖြစ်ကြပါတယ်။ ပထမဆုံးတစ်ယောက်ကတော့ Henry Winstanley ပဲဖြစ်ကာ သူ့ကို မီးပြတိုက် တီထွင်တဲ့သူတစ်ယောက်အနေနဲ့သိကြမှာပါ။ သူက အဲ့မီးပြတိုက်ထဲမှာနေရင် မုန်းတိုင်းဒဏ်ကိုခံနိုင်တယ်လို့ ယုံကြည်လွန်ကဲပြီး နေလိုက်ရာ မအောင်မြင်ခဲ့ပဲ သေဆုံးခဲ့ပါတယ်။ Isma'il ibn Hammad al-Jawhari ဆိုတဲ့သူကတော့ အီရန်ပညာရှင်တစ်ယောက်ဖြစ်ကာ အဘိဓာန်ပြုစုသူ တစ်ယောက်ဖြစ်ကာ သူဟာ သူ့အတွက် သစ်သားအတောင်ပံကိုထွင်ခဲ့ပြီး ပျံသန်းလိုက်ရာ ပြုတ်ကျပြီး သေဆုံးခဲ့ပါတယ်။ 

Wan Hu ကတော့ လပေါ်ကိုခရီးသွားချင်တဲ့ သူတစ်ယောက်ပဲဖြစ်ပါတယ်။ အဲ့အတွက်ကြောင့်သူဟာ ခုံးတစ်ခုံးမှာ မီးရှူးအခု ၄၇ခုပါတဲ့ ခုံးကိုတီထွင်လိုက်ပါတယ်။ အဲ့နောက်မှ မီးရှူးကိုမီးညှိလိုက်ရာ သူအနေနဲ့ခနပျံခဲ့ပြီးနောက်မှာ မီးရှူးတွေပေါက်ကွဲကာ သေခဲ့ပါတယ်။ Valerian Abakovsky ကတော့ Russia က အသက် ၂၆နှစ်ရှိပြီဖြစ်တဲ့ ပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ Aerowagon ရထားအင်ဂျင်ကိုထွင်ခဲ့တဲ့သူတစ်ယောက်ဖြစ်ကာ လေယာဉ်အင်ဂျင်နဲ့ အစိတ်အပိုင်း တော်တော်များများတူညီကာ စမ်းသပ်ခဲ့ပြီး အသွားလမ်းမှာ အဆင်ပြေခဲ့ပြီး အပြန်လမ်းမှာ သူနဲ့အတူ လူငါးယောက် သေဆုံးခဲ့ပါတယ်။ Perillos of Athens လိုဆိုရတဲ့သူတစ်ယောက်က ပုံမှာတွေတဲ့အတိုင်း နွားပုံစံအရာထဲမှာ လူကိုထည့်ပြီး အောက်ကနေအပူပေးသတ်တဲ့ဟာကို ထွင်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ 

သူအနေနဲ့အာ့ကို ဘုရင်ကိုပေးချင်ခဲ့ပေမဲ့ ဘုရင်က အာ့နဲ့ပတ်သတ်ပြီး ဒေါသထွက်နေသဖြင့် သူကိုယ်တိုင်အဲ့ထဲဝင်ပြီး သူတီထွင်တာမှန်ကန်ကြောင်းသက်သေပြပြီး သေခဲ့ပါတယ်။ Nobel နှစ်ဆုရ ဆုရှင်ဖြစ်သူ Marie Curie က Physic နဲ့ Chemistry ဘက်မှာ ကျွမ်းကျင်သူတစ်ယောက်ဖြစ်ကာ သူမဟာ ရေဒီယို သတ္တုကြွတာနဲပပတ်သတ်ပြီးလူတွေရဲ့ ကျန်းမာရေးကို ထိခိုက်လားဆိုပြီး လေ့လာခဲ့ရာ ဇူလိုင်လ ၄ရက် ၁၉၃၄ခုနှစ်မှာ သေဆုံးခဲ့ပါတယ်။ သူသေရတဲ့အကြောင်းအရင်းကလဲ အဲ့ရေဒီယိုသတ္တုကြွမှုကြောင့်ပါပဲ။ Thomas Midgley Jr ဆိုတဲ့သူက Chemistry မှာကျွမ်းကျင်သူတစ်ယောက်ဖြစ်ကာ Freon Gas ကိုတွေ့ရှိခဲ့တဲ့ပညာရှင်ဖြစ်ပြီး သူဟာဂုဏ်ယူစွာနဲ့ အဲ့ Gas ကိုကိုင်ကာ Safe ဖြစ်ကြောင့် သက်သေပြကာ မကြာပါဘူး အဲ့လိုကိုင်တာက သူရဲ့သေဆုံးခြင်းနေ့ဆိကို ချက်ချင်းခေါ်ဆောင်သွားခဲ့ပါတယ်။  

Source : Bloggers Arena 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။