ခန့်မှန်းခြေအားဖြင့် အမေရိကရှိ လူ၁၀ ယောက်မှာ၊ လူ၂ ယောက်ဟာ အိပ်စက်ခြင်းနဲ့ပတ်သက်၍ ရောဂါခံစားနေရပါတယ်...။ ပျမ်းမျှအားဖြင့် ပြောရလျှင် လူဦးရေသန်း ၆၀ နီးပါးလောက် အိပ်မပျော်တဲ့ ရောဂါကို ခံစားနေရတာပါ...။ တစ်နှစ်ထက်၊ တစ်နှစ်၊ ကျွန်နော်တို့ရဲ့ အိပ်ချင်တွေဟာနည်း နည်းလာပြီး၊ ပုံမှန်အားဖြင့်ပြောရမယ်ဆိုရင် စိတ်ဖိစီးမှုတွေ၊ စိတ်ပင်ပန်းမှုတွေ များလာတာကြောင့်ပဲဖြစ်ပါတယ်...။ ထိုအကြောင်းအရာများကြောင့် ကျနော်တို့က အရင်ကထက် ပို၍ ဂရုစိုက်ဖို့လိုအပ်လာပြီဖြစ်ပါတယ်...။

ပရိသတ်ကြီးရေ..အိပ်တော့မယ်ဆိုရင် ညာဘက်ကော စောင်းအိပ်တာထက်၊ ဘယ်ဘက်ကို စောင်းအိပ်တာက ပိုပြီး ကျန်းမာရေးနဲ့ သင့်လျော်တာပဲဖြစ်ပါတယ်...။ ကျွန်နော်တို့ ခန္ဓာကိုယ်တွေဟာ အချိုးညီစွာရှိတယ်လို့ထင်ရတယ်....၊ ဒါပေမယ့် ကျွန်နော်တို့ အတွင်းထဲက ကလီစာတွေဟာ နေရာတကျနဲ့ ရှိနေတာမဟုတ်ဖူးဆိုတာ သိထားကြရမှာပါ....။ ကျွန်နောတို့ ဘေးဘက်ကို စောင်းပြီးအိပ်မယ်ဆိုလျှင်၊ အထဲထဲက ကလီစာနှင့် ထိုအစာချေရန် ဝမ်းတွင်းမှ စိမ့်ထွက်သည့်အရည်တွေဟာ အစာပြွန်မှာထက် နည်းပါးစွာ ကျန်ရစ်ခဲ့တာဖြစ်ပါတယ်...။ ထိုအကြောင်းအရာဟာ ရင်ပူရင်ဆာဖြစ်ခြင်းကို လျော့ချပေးတာမလို့ပဲဖြစ်ပါတယ်...။

ငှက်ပျောသီး အခွံကိုရေထဲထည့်ပြီး ကြိုချက်သောက်ခြင်းဖြင့် သင့်ကို နှစ်ခြိုက်စွာ အိပ်ပျော်စေမှာပါ...။ အော်ဂဲနစ်အသီးကို ရေအရင်သေချာဆေးဖို့တော့ လိုပါတယ်နော်...။ ငှက်ပျောသီးရဲ့ အခွံဟာ "magnesium" ဓာတ်တွေ ပေါကြွယ်ဝ လွန်းတာကြောင့်ပဲဖြစ်ပါတယ်...။ "insomnia" လို့ဆိုတဲ့ အိပ်မပျော်တဲ့ ရောဂါဖြစ်လျှင် သင်ရပ်တန့်ဖို့ကြိုးစားရမှာဖြစ်ပါတယ်...။ ကြိုးစားဖို့နည်းလမ်းတွေဟာဆိုရင် သင် မအိပ်ခင်လေးမှာ ခဏလောက်ဖြစ်ဖြစ် ဆေးဗူဖောင်း မှုတ်ပေးရမှာဖြစ်ပါတယ်...။ အိပ်လို့မရဖူးဆိုရင် အိပ်ရာထဲမှာ ဟိုတွေး၊ ဒီတွေး မတွေးဘဲ "Rubik cube" ဆော့တာဖြစ်ဖြစ်၊ ဆေးခြယ်တာဖြစ်ဖြစ်လုပ်ဆောင်ရမှာပါ...။ ဒါမှသင့်ကိုစိတ်တွေ ရှုတ်မတွေးတော့ပဲ နှစ်ခြိုက်စွာ အိပ်ပျော်စေမှာပါ...။ အိပ်ရာရဲ့ ဘေးမှာ နှိုးစက်နာရီကိုထားပြီး အိပ်ခြင်းဟာလည်း သင့်ကို "stress" ဖြစ်ပေါ်စေပြီး ပို၍ပင် အိပ်ရာထ နောက်ကျသွားစေမှာပါ...။ အခန်းထဲမှာ "မီးအိမ်ထားပြီး" အိပ်စက်ခြင်းထက်၊ "သဘာဝဖယောင်းတိုင်" ကိုထွန်းပြီး အိပ်စက်ခြင်းဟာသင့်ကို အထောက်အကူပြုမှာပဲဖြစ်ပါတယ်..။ ပုံတွေနဲ့တကွ အိပ်စက်ခြင်းပုံစံတွေကိုလည်း တင်ဆက်ထားပြီး နေ့ရက်တိုင်း အိပ်ရေးဝဝ အိပ်ပျော်ကြပါစေ ပရိသတ်ကြီး...။

Source Bright Side  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။