ပရိသတ်တွေကြားမှာ အရမ်းကိုရေပန်းစားသွားတဲ့ ပညာပေးဇာတ်ကားလေးတစ်ကား ဖြစ်တဲ့ မုန်းစွဲဇာတ်ကားမှာ အဓိကဇာတ်ဆောင်ဖြစ်တဲ့ နေတိုးနဲ့မင်းသွေးတို့နှစ်ယောက် ရဲ့ လူဝင်စားအဖြစ်နဲ့ သရုပ်ဆောင်ခဲ့တဲ့ အမွှာလေးနှစ်ယောက်ဖြစ်တဲ့ ဇွဲဝေယံထူးနဲ့ ဇွဲဝေယံထက်တို့နှစ်ယောက်က အခုဆိုရင် ကြော်ငြာလေးတွေရိုက်ကူးနေပြီပဲဖြစ်ပါတယ်။ နှစ်ယောက်သားရဲ့ အနုပညာခရီးလမ်းဟာအားပေးသူတွေ အများအပြားနဲ့ အတော်လေး ကို အဆင်ပြေချောမွေ့နေတာပဲဖြစ်ပါတယ်။ စကားပြောရင်လဲချစ်စရာကောင်းပြီးပွင့်လင်းတဲ့ ကလေးတွေ ရဲ့ဟန်ဆောင်မှုမရှိတဲ့ ပုံစံလေးကြောင့် အားလုံးကလည်းအချစ်ပိုနေရတာပဲ ဖြစ်ပါတယ်။

မနေ့ကလည်းဇွဲထူးတစ်ယောက် နေမကောင်းဖြစ်ပြီး နှခေါင်းသွေးတွေလျှံနေကြားက ကြော်ငြာကို ညတစ်နာရီအထိကြိုးစားပြီးရိုက်ကူးနေတဲ့ ပုံရိပ်လေးတွေကို မေမေက လူမှု ကွန်ယက်မှာဝေမျှလိုက်တာပဲဖြစ်ပါတယ်။ ဒီနေ့မှာလည်း နှစ်ယောက်သား မိုးရွာ နေတဲ့ကြားထဲက ကကွက်အမိုက်စားတွေနဲ့ ကြော်ငြာရိုက်ကူးနေတာပဲဖြစ်ပါတယ်။ အနာဂတ်အနုပညာရှင်လေးနှစ်ယောက်သား ကြိုးစားနေကြတာ တက်ညီလက်ညီပဲ နော်။

နှစ်ယောက်သားရဲ့ အက Video လေးကို " ဘာကြော်ငြာလို့ထင်လဲဗျ ထွက်လာရင် အားပေးပါနော် " ဆိုပြီး တင်ထားတာပဲဖြစ်ပါတယ်။ ကကွက်ညီညီနဲ့ အလန်းစား ကပြနေတဲ့ နှစ်ယောက်သားက တကယ့်ကိုအမိုက်စားပဲနော်။ နှစ်ယောက်သားရဲ့ ကခုန်နေတဲ့ Video လေးကို ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်တယ်နော်။

Photo - Zwe Wai Yan Htoo, Zwe Wai Yan Htet

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။