ပရိသတ်ကြီးရေ ရုပ်ရှင်သရုပ်ဆောင် မင်းသမီးချောလေး မိုးယုစံကတော့ ချစ်ရတဲ့မိသားစုနဲ့အတူ ပျော်ရွှင်အေးချမ်းစွာနေထိုင်နေတာပဲဖြစ်ပါတယ်။မိုးယုကတော့ ချစ်ရတဲ့မိသားစုလေးကိုသာအချိန်ပေးနေတာဖြစ်လို့ အနုပညာအလုပ်တွေကတော့ ခဏရပ်နားခဲ့ပါတယ်။ပရိသတ်တွေကတော့ မိုးယုကို ဒီနေ့ဒီအချိန်ထိ အားပေးချစ်ခင်နေကြပြီး အနုပညာအလုပ်တွေပြန်လည်လုပ်ဆောင်ဖို့မျှော်လင့်နေတာဖြစ်ပါတယ်။

ဒီနေ့ ဇူလိုင် ၁၁ရက်နေ့လေးဟာဆိုရင် မိုးယုစံရဲ့ မွေးနေ့လေးပဲဖြစ်ပါတယ်နော်။မိုးယုစံရဲ့မွေးနေ့လေးမှာ ယောက္ခမမေမေနဲ့ မွေးမေမေတို့နှစ်ယောက်က တန်းစွမ်းအလှူလုပ်ဖို့အတွက် ဖွယ်ဖွယ်ရာရာလေးချက်ပြုတ်ပြင်ဆင်ထားပြီး မိသားစုတွေအတူတူ ဆွမ်းလောင်းခဲ့ကြပါတယ်။မိုးယုစံတို့မိသားစုလေးက အရမ်းချစ်စရာကောင်းပြီး တက်ညီလက်ညီနဲ့ သိုက်သိုက်ဝန်းဝန်းရှိကြလို့ ပျော်ရွှင်စရာမိသားစုလေးပါနော်။

အခုဆိုရင်လည်း မိုးယုချစ်ရတဲ့သူတွေက မိုးယုအတွက် တန်ဖိုးကြီးပစ္စည်းလေးတွေကို မွေးနေ့လက်ဆောင်အဖြစ်ပေးခဲ့ပါတယ်နော်။သိန်းပေါင်းများစွာတန်တဲ့ လက်စွပ်နဲ့ နားဆွဲလေးကလည်း မိုးယုနဲ့အရမ်းလိုက်ဖက်ပြီး အလှတွေပိုတိုးစေပါတယ်နော်။ပရိသတ်ကြီးလည်း မိုးယုရတဲ့လက်ဆောင်ပစ္စည်းလေးတွေကို မြင်တွေ့ရအောင်လို့ ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Source:Moe Yu San

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။