အနုပညာလောကထဲမှာ အလွမ်းသင့်ပန်းချီ သီချင်းလေးနဲ့စပြီး ပရိသတ်ချစ်ခင်အားပေးမှုရရှိလာတဲ့ ရတနာမိုင် ဟာ အချစ်သီချင်းချိုချိုလေးတွေနဲ့ နာမည်ကြီးသူဖြစ်ပါတယ်။သူမရဲ့ သီချင်းလေးတွေဟာလဲ ဆယ်ကျော်သက်လူငယ်တွေကြားမှာ ရေပန်းစားနေခဲ့သလို မကြာခင်က ထွက်ရှိခဲ့တဲ့ လိုရာသုံးသီချင်းဟာလဲ ပရိသတ်တွေ အလွန်ကြိုက်ခဲ့ပါတယ်။ 

အဆိုတော်၊ သရုပ်ဆောင် မင်းသမီးချောလေး ရတနာမိုင်ကတော့ ဂီတလောကမှာရော အနုပညာလောကမှာပါ အောင်မြင်မှုတွေ ရရှိပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။ သီချင်းဆိုကောင်းပြီး သီချင်းအေးအေးလေးတွေနဲ့ ပရိသတ်တွေကို ဖမ်းစားနိုင်တဲ့ မိုင်လေးက လက်ရှိမှာလည်း သီချင်းအသစ်တွေကို ဖန်တီးပုံဖော်နေတာ ဖြစ်ပါတယ်။ 

ယနေ့မှာတော့ ရတနာမိုင်ဟာ မရဲ့ အသည်းကို ရက်ရက်စက်စက်ခွဲသွားတဲ့ မောင်ရဲ့ အကြောင်းကို သီဆိုထားတဲ့ရင်နာနာနဲ့မေးမယ်ဆိုတဲ့ သီချင်းသစ်ကို လူမှုကွန်ယက်ထက် တင်ပေးခဲ့ပါတယ်။ ရတနာမိုင်ကတော့ "ဝေဿန္တရာမင်းလဲမဟုတ် မပေးနိုင်ပါ မောင့်ရဲ့မေတ္တာ တပါးသူလက်ထဲသို့"ဆိုပြီးရေးသားထားခဲ့ပါတယ်။ ချစ်ပရိသတ်တွေအတွက် ရတနာမိုင်ရဲ့ ရင်နာနာနဲ့မေးမယ်ဆိုတဲ့ သီချင်းသစ်ကိုဖော်ပြပေးလိုက်ပြီး အဆိုပါဗီဒီယိုလေးကိုဖော်ပြပေးလိုက်ပါတယ်။

source:ရတနာမိုင်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။