မော်ဒယ်သရုပ်ဆောင်တိုင်ရွန်တစ်ယောက် ခါရာစိန်ခေါ်တဲ့ Bottle cap Challenge ကို အောင်အောင် မြင်မြင်နဲ့ လုပ်ပြနိုင်လိုက်ပြီပဲဖြစ်ပါတယ်။ ကမ္ဘာကျော်ဖိုက်တင်မင်းသား တွေကလည်း ဒီ Challenge ကို လုပ်ခဲ့ကြပြီး သူတို့ရဲ့ Video တွေဟာလည်း လူကြိုက်များ ခဲ့ကြပါတယ်။ ခါရာတစ်ယောက် ဒီ Challenge လေးကို ခင်မင်ရတဲ့သူငယ်ချင်းတွေကို စိန်ခေါ်လိုက်ပြီးနောက် တိုင်ရွန်က လုပ်ပြသွားတာပဲဖြစ်ပါတယ်။

ကျရာဇာတ်ရုပ်တိုင်း ပီပီပြင်ပြင်သရုပ်ဆောင်နိုင်တဲ့ တိုင်ရွန်တစ်ယောက် အကြမ်း အလွမ်း အချစ် အကုန်လုံးပိုင်နိုင်နေသူတစ်ယောက်လည်းဖြစ်ပါတယ်။ ဒီ Challenge လေးကိုလုပ်တဲ့အချိန်မှာတော့ ပထမတစ်ခေါက်မှာ Fail ဖြစ်သွားပြီး ဒုတိယတစ်ခေါက် မှာတော့ အဆင်ပြေပြေလုပ်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ တိုင်ရွန်ကနေဆက်ပြီးတော့ ထူးအောင်ကို Challenge ခေါ်ထားပါသေးတယ်။

အမိုက်စားမင်းသားတွေရဲ့ အမိုက်စား Challenge တွေကို တွေ့ရတော့မှာဆိုတော့ တကယ့်ကို ရင်ခုန်စွာနဲ့စောင့်ကြည့်ရမယ့် Challenge လေးပေါ့နော်။ ပရိသတ်ကြီးလည်း ကိုယ့်ရဲ့ Talent လေးကို စမ်းတဲ့အနေနဲ့ ဒီ Challenge လေးကို လုပ်ကြည့်လိုက်ပါလား တကယ်ပျော်ဖို့ကောင်းမယ့် Challenge လေးနော်။

Photo - Tyron Bejay

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။