မြန်မာပြည်ရဲ့ထိပ်တန်းမင်းသမီးစာရင်းဝင်တစ်ဦးဖြစ်တဲ့ ဝတ်မှုန်ရွှေရည်ကတော့ သူမရဲ့ဇာတ်ကား red carpet show ကို တက်ရောက်ခဲ့တဲ့ လှုပ်ရှားမှုမှတ်တမ်းလေး ကို အမှတ်တရအဖြစ်နဲ့ Video လေး တင်လိုက်တာပဲဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ မိန်းကလေးတစ်ယောက်ရဲ့ လှုပ်ရှားမှုတိုင်း ဟာ အချစ်တွေပိုပိုတိုးလို့လာစေပါတယ်။ ဘယ်အချိန်ကြည့်ကြည့် ရင်ထဲကိုအေးချမ်းသွားစေတဲ့ အလှတရားမျိုးနဲ့ သူမက ပြစ်မျိုး မှဲ့မထင်ကို လှရက်နိုင်လွန်းသူလေးပါ။

အသက်သုံးဆယ်ကျော်အရွယ်လို့ ထင်ရက်စရာလုံးဝမရှိအောင်ကို နုပျိုချက်ကတော့ တကယ့်ကို အံ့သြလောက်ပါရဲ့။ ထပ်ဆင့်အကယ်ဒမီပိုင်ရှင်လည်းဖြစ်သလို ကျရာ ဇာတ်ရုပ်တိုင်းကိုလည်း ပီပြင်ပိုင်နိုင်စွာသရုပ်ဖော်ခဲ့တဲ့ အရည်အချင်းပြည့်ဝတဲ့ မင်းသမီး တစ်ယောက်လည်းဖြစ်ပါတယ်။ သူမရဲ့ Video ထဲက လှုပ်ရှားမှုလေးတွေက တကယ့်ကိုအသည်းယားစရာပါပဲ။

မင်းသားသုံးလက်နဲ့အတူတူတွဲ သရုပ်ဆောင်ခဲ့တဲ့သူမရဲ့ဇာတ်ကားလေးဟာ လက်ရှိမှာ တော့ ရုံတင်ပြသနေပြီပဲဖြစ်ပါတယ်။ ဂါဝန်ရှည်ကြီးကိုဝတ်ဆင်ပြီး အလှပဆုံးပုံစံနဲ့ ပွဲတက်လာခဲ့တဲ့ သူမရဲ့ လှုပ်ရှားမှု အမှတ်တရ Video လေးကို ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပြီနော်။

Photo - Wutt Hmone Shwe Yi

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။