အကယ်ဒမီမင်းသမီးချောလေး စိုးပြည့်သဇင်ကတော့ ပရိသတ်တွေရဲ့အချစ်များစွာကို ရရှိထားပြီး အနုပညာလောကမှာ အောင်မြင်မှုတစ်ခုကိုရရှိနေတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။စိုးပြည့်ကတော့ အနုပညာမျိုးရိုးလည်းရှိသူတစ်ယောက်ဖြစ်လို့ သူမရဲ့သရုပ်ဆောင်ချက်အိုင်တင်တွေကလည်း ချစ်မကြီး စိုးမြတ်သူဇာ စိုးမြတ်နန္ဒာတို့လိုပဲ အိုင်တင်အရမ်းကောင်းတဲ့ ရွှေမင်းသမီးလေးပါနော်။

မင်းသမီးချောလေးစိုးပြည့်ကတော့ အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေပြီး ချစ်မကြီးတွေနဲ့အတူတူပိုးထည်ဆိုင်လေးကိုလည်းဖွင့်ပြီး လက်တွဲလုပ်ကိုင်နေကြတာဖြစ်ပါတယ်။စိုးပြည့်တို့ညီအစ်မတွေက စည်းစည်းလုံးလုံးနဲ့သိုက်သိုက်ဝန်းဝန်းရှိပြီး အေးအတူပူအမျှနဲ့ အပြန်အလှန်ကူညီဖေးမပေးနေကြလို့ အရမ်းပျော်ရွှင်စရာကောင်းတဲ့ ညီအစ်မတွေပါပဲနော်။

အခုဆိုရင်တော့ နဂိုမူလရုပ်ကို ချစ်စဖွယ်ကလေးလေးပုံစံပြောင်းအောင် effect နဲ့လုပ်ထားတဲ့ ပုံရိပ်လေးကို စိုးပြည့်က "ကိုယ့်ညီမလေးလေ...မဆိုးပါဘူး..ကိုယ့်နီးနီးချောပါတယ်"ဆိုပြီး အရုပ်မလေးတစ်ရုပ်လို အရမ်းချစ်စရာကောင်းနေတဲ့ ပုံရိပ်လေးကို သူမရဲ့လှုမှု့ကွန်ယက်စာမျက်နှာမှာမျှဝေခဲ့ပါတယ်နော်။ပရိသတ်ကြီးလည်း အရုပ်မလေးနဲ့တူတဲ့ စိုးပြည့်ရဲ့ချစ်စရာကလေးလေးပုံစံလေးကို မြင်တွေ့ရအောင်လို့ မျှဝေပေးလိုက်ပါတယ်နော်။

Source:Soe Pyae Thazin

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။