ကမ္ဘာပေါ်မှာပြိုင်ဆိုင်မှုအပြင်းထန်ဆုံးနဲ့ပရိသတ်တွေကိုအကောင်းဆုံးရသတွေပေးပြီးကမ္ဘာတစ်ဝှမ်းကပရိသတ်တွေအများဆုံးအားပေးနေရတာကတော့ပရီးမီးယားလိဒ်ပြိုင်ပွဲပဲဖြစ်ပါတယ်။ကစားသမားတိုင်းဟာပရီးမီးယားလိဒ်ပြိုင်ပွဲကြီးကိုကစားချင်ကြတဲ့အိမ်မက်တွေရှိကြတာပါ။ပရီးမီးယားလိဒ်အသင်းတိုင်းကလည်းအကြိတ်အနယ်နဲ့ပြိုင်ဆိုင်မှုပြင်းထန်တာဖြစ်ပါတယ်။ 

ပရီးမီးယားလိဒ်သမိုင်းမှာလည်း မန်ချက်စတာယူနိုက်တက်အသင်းနဲ့လီပါပူးအသင်းတို့ဟာချန်ပီယံဆုတွေအများဆုံးရထားတဲ့အသင်းတွေဖြစ်ပါတယ်။ပါပူးအသင်းကတော့လွန်ခဲ့တဲ့နှစ်အနည်းငယ်ကရလဒ်တွေဆိုးရွားခဲ့တာကြောင့်မန်ချက်စတာယူနိုက်တက်အသင်းကဖလားအများဆုံးအဖြစ်ရပ်တည်ခဲ့ပါတယ်။ပါပူးအသင်းဟာဒီနှစ်မှာတော့ရလဒ်တွေပြန်ကောင်းလာခဲ့ပြီးချန်ပီယံလိဒ်ဆုဖလားကြီးကိုပါဆွတ်ခူးခဲ့တာဖြစ်ပါတယ်။ 

ခုမှာတော့ပါပူးပရိသတ်တွေဟာမန်ယူအသင်းလေ့ကျင့်ရေးကွင်းပေါ်ကနေ လီဗာပူး ရဲ့ 6 ကြိမ် မြောက် ချန်ပီယံလိဂ် ဖလား အောင်မြင်မှုကို ဖော်ညွှန်းထားတဲ့ စာတန်းကို ချိတ်ဆွဲကာ လေယာဉ်နဲ့ပြန်ခဲ့တာဖြစ်ပါတယ်။မန်ယူအသင်းဟာလက်ရှိအချိန်မှာ သြစတေးလျ အနောက်ပိုင်း က ကမ်းခြေမြို့ တစ်မြို့ ကိုခြေစမ်းပွဲအတွက်ရောက်နေတာဖြစ်ပါတယ်။ပရိသတ်တွေအတွက်လည်းပါပူးပရိသတ်တွေမန်ယူအသင်းလေ့ကျင့်ကွင်းပေါ်ကနေလေယာဉ်နဲ့ဖြတ်ပြီးအောင်ပွဲခံခဲ့တဲ့ VIDEO လေးကိုလည်းတင်ဆက်ပေးလိုက်ကပါတယ်။

SOURCE:Football Daily

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။