ပရိသတ်တွေချစ်ခင်အားပေးရတဲ့ မိုးယုစံကတော့ အခုချိန်မှာဆိုရင် အနုပညာအလုပ်တွေကို ရပ်နားထားပြီး ပြန်လည်လုပ်ဆောင်ဖို့အတွက်အချိန်ယူနေတာဖြစ်ပါတယ်နော်။ပရိသတ်တွေကတော့ အနုပညာအလုပ်တွေနဲ့ အလှမ်းဝေးကွာနေတဲ့မိုးယုကို ဟိုးအရင်တုန်းကလိုပဲ ချစ်ခင်အားပေးကြကာ မိုးယုရဲ့ပျော်ရွှင်စရာမိသားစုဘဝလေးကိုလည်း ချီးကျူးကြပြီး အားကျနေကြတာဖြစ်ပါတယ်။

မိုးယုကတော့ မနေ့က ဇူလိုင်၁၁ရက်နေ့မှာ အသက်၂၈နှစ်ပြည့်သွားတာဖြစ်ပြီး မွေးနေ့လေးမှာ မိသားစုဝင်တွေကလည်း ဆုမွန်ကောင်းတောင်းပေးကြသလို မေမေနှစ်ယောက်စီစဉ်ပေးတဲ့ တန်းဆွမ်းကိုလည်း မိသားစုဝင်တွေနဲ့အတူ လောင်းလှူခဲ့ကြပါတယ်နော်။မိုးယုရဲ့မွေးနေ့လေးမှာ ချစ်ရတဲ့သူတွေက တန်ဖိုးကြီးတဲ့ Branded ပစ္စည်းလေးတွေရယ် စိန်လက်စွပ်နဲ့စိန်နားဆွဲကို လက်ဆောင်ပေးခဲ့ကြပါတယ်။

အခုဆိုရင်လည်း မိုးယုရဲ့မွေးနေ့လေးမှာ မိသားစုတွေနဲ့အတူ စည်းစည်းလုံးလုံးသိုက်သိုက်ဝန်းဝန်းနဲ့ Birthday dinner လေးကို ပျော်ရွှင်စွာကျင်းပခဲ့ကြပါတယ်နော်။မိုးယုရဲ့ မေမေနှစ်ယောက်ကတော့ အင်္ကျီဆင်တူလေးဝတ်ဆင်ထားကြပြီး မြင်ရသူတိုင်းစိတ်ချမ်းသာကြည်နူးစေမယ့် မိုးယုတို့မိသားစုရဲ့ Birthday Dinner ကပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက် မျှဝေပေးလိုက်တယ်နော်။ 

Source:Moe Yu San

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။