အဆိုတော် G Fatt ကတော့ လူငယ်ပရိသတ်တွေကြားရဲ့ အခိုင်အမာ အားပေးဝန်းရံမှုကို ရရှိထားသူတစ်ဦး ဖြစ်ပါတယ်။ ကိုယ်ပိုင်သံစဉ်၊ ကိုယ်ပိုင်စာသားတွေကို ဖန်တီးပြီး သီချင်းကောင်းကောင်းလေးတွေမှ ရေးစပ်သီဆိုလေ့ရှိတဲ့ G Fatt က ပရိသတ်တွေရဲ့အားပေးမှုတွေနဲ့ ထိပ်ဆုံးမှာရပ်တည်နေရတာပဲ ဖြစ်ပါတယ်။ G Fatt ရဲ့ထွက်ရှိခဲ့သမျှ သီချင်းတော်တော်များများကလည်း ပရိသတ်တွေကြားမှာ ရေပန်းစားပြီး အောင်မြင်လေ့ရှိတာ ဖြစ်ပါတယ်။

လတ်တလောမှာတော့ G Fatt တစ်ယောက် သူရဲ့ချစ်ပရိသတ်တွေအတွက် သီချင်းအသစ်တွေဖန်တီးနေပြီး အလုပ်တွေ ကြိုးစားနေတာ တွေ့ရပါတယ်။ မနေ့ညကတော့ G Fatt နဲ့ ဖြိုးလေးတို့သူငယ်ချင်းတစ်စုက သီချင်းအသစ်တစ်ပုဒ်အတွက် ရိုက်ကူးရေးပြုလုပ်ခဲ့ကြပါတယ်။ အခုလည်း G Fatt က သူရဲ့ My Story မှာ နောက်ဆုံးပေါ် "Suzuki Swift " ကားအသစ်ကြီးနဲ့အတူ ရိုက်ကူးထားတဲ့ပုံလေးကို တင်ထားတာ တွေ့ရပါတယ်။

G Fatt က " My New Baby " ဆိုပြီး အသစ်ဝယ်လိုက်တဲ့ ကားအသစ်ကြီးဘေးမှာ အထာကျကျရပ်ပြီး ဂေါ်နေတဲ့ပုံလေးကို တင်လိုက်တာပဲ ဖြစ်ပါတယ်။ ဒီ Suzuki Swift ကားကြီးကတော့ မကြာသေးခင်ကမှထွက်ရှိထားတဲ့ မော်ဒယ်အသစ်ဖြစ်ပြီး မြန်မာတန်ဖိုးငွေ သိန်း (၂၄၀) ကျော်ခန့်ရှိတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ကားအသစ်ကြီးနဲ့အတူ လုံးဝအမိုက်စားဖြစ်နေတဲ့ G Fatt ရဲ့ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source:G Fatt;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။