အနုပညာလောကမှာ တစ်ယောက်နဲ့တစ်ယောက်နားလည်မှုတွေနဲ့ သာယာကြည်နူးစရာကောင်းတဲ့ အချစ်ခရီးလမ်းကိုလျှောက်လှမ်းနေသူတွေကတော့ ရဲ့ရင့်အောင်နဲ့ဧငြိမ်းဖြူတို့အတွဲလေးပဲ ဖြစ်ပါတယ်။ သူတို့အတွဲလေးဟာ တစ်ယောက်နဲ့တစ်ယောက်စလိုက်နောက်လိုက်နဲ့ အရမ်းကိုကြည်နူးချမ်းမြေ့စရာပါ။ သူတို့နှစ်ယောက်လုံးဟာ ကိုယ်ဝါသနာပါရာအလုပ်တွေကို လုပ်ကိုင်လုပ်ကိုင်နေကြသူများဖြစ်ပြီး ကိုယ်ရပ်တည်တဲ့အလုပ်တွေမှာလည်း အောင်မြင်မှုတွေရရှိပိုင်ဆိုင်ထားကြတာပါ။

လူငယ်အကြိုက်တေးသီချင်းကောင်းများစွာ သီဆိုခဲ့တဲ့ ရဲရင့်အောင် ဟာ နှုတ်ခမ်းနီမလေးတွေရဲ့ သဲသဲလှုပ်ဝန်းရံခံရသူလည်းဖြစ်ပါတယ်။ ဧငြိမ်းဖြူကလည်း ပရိသတ်ရှိပြီးသား ချစ်စရာကောင်းတဲ့ မော်ဒယ်တစ်ဦးဖြစ်ပြီး ရဲရင့်အောင်နဲ့ သူငယ်ချင်းဘဝကနေ ချစ်သူဖြစ်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒီလိုလိုက်ဖက်တဲ့အတွဲလေးကို ပရိသတ်တွေအားလုံးက အားကျနေကြတာပါ။ 

သူတို့နှစ်ယောက်လုံးဟာ တစ်ယောက်နဲ့တစ်ယောက်ချစ်စနိုးနဲ့အမြဲစနောက်လေ့ရှိပြီး အခုတစ်ခေါက်မှာလည်းရဲရင့်အောင်က ချစ်သူလေးကိုပုံရိပ်လေးတစ်ခုနဲ့စလိုက်ပြန်ပါပြီနော်။ ဧငြိမ်းရဲ့ပုံလေးတွေကိုရုပ်ပြောင်လေးတွေပြုလုပ်ကာစနောက်ခဲ့တာပဲဖြစ်ပြီး ရဲရင့်အောင်ရဲ့Facebook myday လေးမှာတင်ထားတာပါ။ ဧငြိမ်းတစ်ယောက်တော့ ဒီပုံလေးတွေမြင်တွေ့သွားတဲ့အခါရဲရင့်အောင်ကိုစိတ်ဆိုးနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးရော ရဲရင့်အောင်တစ်ယောက်ဧငြိမ်းကိုဘယ်လိုပုံလေးတွေနဲ့ဆေးထိုးလိုက်လည်းဆိုတာ မသိချင်ကြဘူးလား။

Photo - Yair Yint Aung 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။