ပရိသတ်ကြီးရေ သွားထပ်လေးနဲ့အပြုံးလှလှပိုင်ရှင်လေးဖြစ်တဲ့ မင်းသမီးချောလင်းဇာနည်ဇော်ကတော့ တစ်ခေတ်တစ်ခါကတည်းက ပရိသတ်တွေကြားမှာ နာမည်ကြီးခဲ့တဲ့အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ယနေ့အချိန်ထိလည်း လင်းဇာနည်ဇော်က ဆံနွယ်ရှည်ရှည်ကြီးနဲ့ နုပျိုလန်းဆန်းမှုတွေကိုပိုင်ဆိုင်ထားဆဲဖြစ်လို့ ခေတ်တွေဘယ်လိုပြောင်းပြောင်းသူမရဲ့အလှအပတွေကတော့ အရင်အတိုင်းပါပဲနော်။

လင်းဇာနည်ဇော်က သူမနဲ့တူတဲ့သမီးချောချောလေးကိုလည်းပိုင်ဆိုင်ထားပြီး သမီးအတွက်ရှေ့ကနေမားမားမတ်မတ်ရပ်တည်ပေးနေတဲ့ မိခင်ကောင်းတစ်ဦးဖြစ်ပါတယ်နော်။လင်းဇာနည်ဇော်က ချစ်အစ်မကြီးချစ်ချစ်ဇော်နဲ့အတူ "ရွှေခေါက်ဆွဲ"ဆိုတဲ့စီးပွားရေးလေးကို အတူတူလက်တွဲပြီးလုပ်ကိုင်နေတာဖြစ်ပါတယ်။လင်းဇာနည်ဇော်တို့ညီအစ်မနှစ်ယောက်ကတော့ ဘယ်အရာကိုမဆို ကိုယ့်အားကိုယ်ကိုးပြီးလုပ်ဆောင်ကြတဲ့ ညီအစ်မတွေပါနော်။

ညီအစ်မနှစ်ယောက်လုံးက တက်ညီလက်ညီနဲ့ဘက်စုံထူးချွန်ထက်မြက်ကြသူတွေဖြစ်တယ်လို့ ပရိသတ်တွေကတောင် ချီးကျူးပြီး လေးစားနေကြတာဖြစ်ပါတယ်။အခုဆိုရင်တော့ ညီအစ်မနှစ်ယောက်က လေတဖြူးဖြူးတိုက်ခက်နေတဲ့ မြစ်ရဲ့ကမ်းစပ်မှာထိုင်နေကြရင်း အတွေးကိုယ်စီနဲ့လွင့်မျောနေကြတဲ့ ချစ်စရာညီအစ်မနှစ်ယောက်ရဲ့ပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်နော်။

Source:Lin Zarni Zaw

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။