လူငယ်ကြိုက်သီချင်းများစွာနဲ့ပရိသတ်တွေကြားမှာနာမည်ကြီးရေပန်းစားနေတဲ့သူကတော့ အဆိုတော်အားတီပဲ ဖြစ်ပါတယ်။ သူ့ရဲ့သီချင်းများစွာဟာလည်း လူငယ်တိုင်းရဲ့ပါးစပ်ဖျားမှာ ရေပန်းစားလျက်ရှိတာပဲ ဖြစ်ပါတယ်။ အောင်မြင်တဲ့အဆိုတော်တစ်ယောက်အဖြစ် ဂီတလမ်းကြောင်းမှာ ရပ်တည်နေတာလည်း ဖြစ်ပါတယ်။ 

အဆိုတော် အားတီဟာ အဆိုကောင်းရုံတင်မကဘဲ သူ့ရဲ့အမူအရာလေးတွေကလည်း သူ့ရဲ့ပရိတ်သတ်တွေအတွက် အရမ်းကို ချစ်ဖို့ကောင်းနေတာပဲ ဖြစ်ပါတယ်။ သူဟာ အမိုက်စားတီးလုံးတွေဖန်တီးတတ်ပြီး အမြဲခပ်မိုက်မိုက် ကိုယ်ပိုင်သီချင်းလေးတွေ ရေးသားသီဆိုသူတစ်ဦးပါ။

ထူးခြားအံ့အားသင့်ဖွယ် Music Video လေးတွေသာ ရိုက်ကူးလေ့ရှိတဲ့ အားတီဟာ အခုတစ်ခေါက်မှာလည်း ထူးခြားဆန်းသစ်တဲ့ သီချင်း ဗီဒီယိုလေးတစ်ခုထွက်ရှိလာပြီပဲ ဖြစ်ပါတယ်။သူဟာ အမိုက်စားသီချင်းလေးဟာ ထွက်ထွက်ပြီးချင်းမှာတင်ပရိသတ်တွေရဲ့အားပေးမှုကို ရရှိထားတာပါ။ ပရိသတ်တွေအတွက် အားတီရဲ့” Broken Paradise “ ဆိုတဲ့အကြမ်းစားMusic Video လေးကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source- Ar -T

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။