အမျိုးသမီးဇာတ်ပို့ အကယ်ဒမီဆုရှင် အေးမြတ်သူကို ချစ်စနိုးနဲ့ မမြတ်လေးလို့ ခေါ်ကြတာပါနော်...။ အေးမြတ်သူဟာဆိုရင် စကားပြောပွင့်လင်းပြီး အပြောအဆို၊ အပြုအမူ တွေဟာ အမျိုးသမီးဆန်လှကြောင်းသက်သေပြနေပါတယ်..။ အေးမြတ်သူဟာ ခေတ်လူငယ်ပီပီ အတိုအပြတ်လေးတွေ ဝတ်ဆင်လေ့ရှိသလို၊ မြန်မာဝတ်စုံလေးတွေနဲ့လည်း ဆွဲဆောင်မှုရှိစွာ လှပနေတာဖြစ်ပါတယ်...။ သူမရဲ့ ရဲဝံ့တဲ့ ပြောဆိုလုပ်ဆောင်ချက်တွေဟာဆိုရင် အမျိုးသမီး အချင်းချင်းတောင် လေးစားအားကျရလောက်ပြီး social media ကွန်ယက်မှာ အမျိုးသားပရိသတ်လည်း အများဆုံးရရှိထားတာပါ...။

မမြတ်လေးရဲ့ လတ်တလောအနုပညာလှုပ်ရှားမှုတွေဟာဆိုရင်တော့ photo shooting၊ ကြော်ငြာမဂ္ဂဇင်းတွေ အများအပြားကိုလက်ခံလေ့ရှိပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း ပါဝင်သရုပ်ဆောင်ထားတာပါ...။ အေးမြတ်သူဟာ ခရီးသွား ဝါသနာပါသူဖြစ်ပြီး ခရီးသွား မှတ်တမ်းပုံရိပ်တွေကိုလည်း အမြဲလိုလိုတင်ဆက်ပေးလေ့ရှိတာဖြစ်ပါတယ်...။ အချစ်ရေးဟာတည်ငြိမ်လျက်ရှိပြီး သူငယ်ချင်းတွေနဲ့အတူ ပျော်ရွှင်အေးချမ်းစွာ ဘဝကြီးကို ဖြတ်သန်းနေတာပါ...။

အေးမြတ်သူက ပရိသတ်ကြီးနဲ့ အဆက်အသွယ်မပြတ်ရအောင် လူမှုကွန်ယက်စာမျက်နှာတစ်ခုဖြစ်တဲ့ facebook ပေါ်တွင်သူမရဲ့ နေ့စဉ်လှုပ်ရှားမှု၊ အနုပညာလှုပ်ရှားမှု အမျိုးမျိုးကို အစဉ်အမြဲဖော်ပြပေးလေ့ရှိတာဖြစ်ပါတယ်..။ အခုတစ်ခါမှာဆိုရင်လည်း "ချစ်သူ့ ... အကြိုက်ဝတ်စုံလေးများ ဝတ်ထားရရင်... ကိုယ့်ကိုကိုယ် ယုံကြည်မှုကိုရှိလို့ ......မမြတ်လေးချစ်ရသူတွေနဲ့ ..မမြတ်လေးချစ်သူ က ဒီလိုလည်ပိတ်လက်ရှည်လေးတွေ ဝတ်စေချင်တယ်.. အပျိုကြီးကလည်း နဲနဲခပ်ဆိုးဆိုးတွေဝတ်ချင်တယ် ခုတော့ ချစ်တဲ့စိတ်နဲ့ ကြိုးစားပြောင်းလဲပါ့မယ်နော်" ဆိုတဲ့ status လေးနဲ့တကွ ထုတ်ဖော်ပြသထားပြီး myanmarload ပရိသတ်ကြီးအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်...။

Source Aye Myat Thu 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။