ကမ္ဘာမှာမြန်မာလို့ပြောလိုက်တာနဲ့ အားလုံးရဲ့နှလုံးသားထဲမှာ ရွေရောင်ဝင်းလက်နေတဲ့ဘုရားစေတီပုထိုးပေါင်းများစွာနဲ့ ကျက်သရေရှိလှတဲ့ ပုဂံဒေသ ပြေးမြင်ကြမှာပဲဖြစ်ပါတယ်။ပြည်တွင်းက ဒေသခံများသာမက ကမ္ဘာလှည့်ခရီးသွားများရဲ့ အထူးစိတ်ဝင်တစားလေ့လာခြင်းကိုခံရပြီး မသွားရမနေနိုင်အောင် ဆွဲငင်ထားတဲ့ ဒေသတွေမှာ ပုဂံဒေသကတော့ အဓိကနေရာတစ်ခုလည်း ဖြစ်ပါတယ်။ 

မြန်မာနိုင်ငံရဲ့နှလုံးသားလို့ တင်စားတဲ့ ပုဂံဒေသဟာ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်တစ်ခုအနေနဲ့ UNESCO က သတ်မှတ်လိုက်တာပဲဖြစ်ပါတယ်။ အဆိုပါ သတ်မှတ်မှုအတွက် မြန်မာကိုယ်စားလှယ်များစွာက အချိန်ကုန် ငွေကုန်ကြိုးစားခဲ့ကြပြီး လက်ရှိကဲ့သို့အောင်မြင်နိုင်ရန် ပြင်ဆင်ခဲ့ကြတာပဲဖြစ်ပါတယ်။  

အဆိုပါ ကိုယ်စားလှယ်အဖွဲ့အဝင်တွေကတော့ အဇာဘိုင်ကျန်နိုင်ငံ၌ ပြုလုပ်ခဲ့သည့် ကမ္ဘာ့အမွေအနှစ်အစည်းအဝေးတွင် ပုဂံဒေသကို ကုလသမဂ္ဂပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (ယူနက်စကို)၏ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရေးအတွက် သွားရောက်လုပ်ဆောင်ခဲ့ကြတာပဲဖြစ်ပါတယ်။ ဒီနေ့ ဇူလိုင်လ ၁၂ ရက်နေ့မှာ ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာကြပြီး ပြည်သူများစွာက နွေးထွေးစွာ ကြိုဆိုခဲ့ကြကြောင်း သိရပါတယ်။ အဆိုပါ ပုဂံဒေသ ကမ္ဘာ့အမွေအနှစ်ဝင်နိုင်ရန် ၂၀၁၄ ခုနှစ် ကတည်းက စတင်လုပ်ဆောင်ခဲ့တာဖြစ်ပြီး ယခုမှ အောင်မြင်နိုင်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။ ပုဂံဒေသ ကမ္ဘာ့အမွေအနှစ် ယူနက်စကိုဝင်ရေး ကြိုးပမ်းခဲ့ကြသူများကို ဂုဏ်ပြုမှုများ ပြုလုပ်ရန် စီစဉ်ထားကြောင်းလည်းသိရပါတယ်။

PHOTOS - PYI MYANMR

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။