အပျိုကြီးမအေးသောင်းနဲ့ နှလုံးသားပုဂံအဖွဲ့တို့ပူးပေါင်းပြီး ပုဂံမြို့ကို ကမ္ဘာ့အမွေအနှစ် ဖြစ်အောင် ယူနက်စကိုအစည်းအဝေးမှာ သွားရောက်တင်ပြ ခဲ့ပြီးနောက် မြန်မာတို့ရဲ့ ပုဂံဟာ ကမ္ဘာ့အမွေအနှစ်တွေထဲက တစ်ခုဖြစ်လာခဲ့ပါပြီ။ ဒီလိုကိုယ့်ရဲ့ သမိုင်းအမွေ အနှစ်တွေကို ကမ္ဘာကအသိအမှတ်ပြုအောင် စွမ်းစွမ်းတမံကြိုးစားခဲ့ပြီးနောက်မှာ တော့ မြန်မာနိုင်ငံကို မြန်မာ့ဂုဏ်ဆောင်အဖြစ်နဲ့ ပြန်လည်ရောက်ရှိလာပြီပဲ ဖြစ်ပါတယ်။ အနုပညာအလုပ်တွေမှာလည်း အရည်အချင်းပြည့်ဝသလို ကိုယ့်နိုင်ငံရဲ့တန်ဖိုးရှိတဲ့ အမွေအနှစ်တွေကိုလည်း ကမ္ဘာကသိအောင် တတ်နိုင်သလောက် ကြိုးစားအားထုတ် ခဲ့တဲ့ မအေးသောင်းရဲ့ကြိုးစားမှုက လေးစားစရာပါ။

မြန်မာဆန်ဆန်ဝတ်စုံလေးတွေအမြဲဝတ်တတ်ပြီး လုံးကြီးပေါက်လှခန္ဓာကိုယ်နဲ့ အားလုံးရဲ့ အချစ်တွေကို သိမ်းပိုက်ခဲ့တဲ့ မအေးသောင်းကတော့ ဒီတစ်ခေါက်မှာ နိုင်ငံအတွက် ဂုဏ်ယူစရာတစ်ခုကို ပီပီပြင်ပြင်လုပ်ပေးနိုင်ခဲ့ပြီပဲဖြစ်ပါတယ်။ ဒီနေ့မှာတော့ မြန်မာနိုင်ငံ ကို ပြန်ရောက်လာပြီဖြစ်ပြီး အဖြူရောင်မြန်မာဝတ်စုံလေးနဲ့ ကျက်သရေရှိလွန်းနေတဲ့သူမရဲ့ အပြုံးတွေက တကယ့်ကိုရင်ခုန်ချင်စရာပါ။ ဘယ်အချိန်ကြည့်ကြည့် မြန်မာအမျိုးသမီး တစ်ယောက်ရဲ့ အလှတရားတွေကို ထင်ထင်ရှားရှားပေါ်လွင်နေတဲ့ မန္တလာသူ ညိုချောလေးက မြန်မာပြည်ကိုအရမ်းကိုလွမ်းနေပါ တယ်တဲ့။

သူမရဲ့ပုံရိပ်လေးတွေကို " မင်္ဂလာပါရှင်။ မြန်မာပြည်ရဲ့ရင်ခွင်သည်သာအငြိမ်းချမ်းဆုံးပဲ။ မုန့်ဟင်းခါးအရင်စားဖြစ်တယ်နော်။ အလွမ်းလည်း ပြေသွားပါပြီ။ " ဆိုပြီး တင်ထားတာပဲ ဖြစ်ပါတယ်။ ကျက်သရေရှိပြီး တင့်တယ်လှပလွန်းနေတဲ့ မအေးသောင်းရဲ့ လုံးကြီး ပေါက်လှခန္ဓာကိုယ် ပေါ်မှာ ကျက်သရေရှိလွန်းတဲ့ ဖြူဖွေးဖွေးမြန်မာဝတ်စုံလေးက တကယ့်ကိုရင်ခုန်ချင်စရာပဲမို့ ပရိသတ်ကြီးကို တင်ဆက်ပေးလိုက်တယ်နော်။

Photo - Aye Thaung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။